
နီပေါနိုင်ငံသည် လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမလေးလအတွင်း နိုင်ငံခြားကုန်သွယ် မှု ဆက်လက်မြင့်တက်လျက်ရှိပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၂၄ ဒသမ ၁၈ ရာခိုင်နှုန်း မြင့်တက်မှုရှိကြောင်း အစိုးရအေဂျင်စီတစ်ခုက နိုဝင်ဘာ ၂၃ ရက်တွင် ပြောသည်။
ဇူလိုင်လလယ်နှင့် နိုဝင်ဘာလ လယ်ကြားတွင် ပို့ကုန်နှင့် သွင်းကုန်နှစ်မျိုးစလုံး မြင့်တက်မှု ရှိခဲ့ပြီး ကုန်သွယ်မှုပမာဏ စုစုပေါင်း နီပေါ ရူပီး ၇၀၂ ဒသမ ၉၄ ဘီလီယံအထိရှိခဲ့ကြောင်း၊ ယခင် ဘဏ္ဍာနှစ် အလားတူကာလတွင် ရူပီး ၅၆၆ ဒသမ ၀၅ ဘီလီယံသာရှိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန၏ ဖော်ပြချက်အရ သိရသည်။
Source: ဆင်ဟွာ
DOCA(ပြည်ထောင်စုနယ်မြေ)
