ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
03 Jun 2024

    အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီ (Bulog) ၏ မကြာသေးမီက တင်ဒါခေါ်ယူမှုတွင် ဗီယက်နမ်သည် ဆန်ကွဲ ၅% ပါဝင်သော ဆန်ဖြူ တန်ချိန် ၁၅၀၀၀၀ တင်ပို့ရန်အတွက် လေလံ ၆ စောင်ကို အောင်မြင်ခဲ့သည်ဟု ကုန်သွယ်ရေး သတင်းအရင်းအမြစ်များက ပြောဆို ကြောင်း၊ သို့သော် ဗီယက်နမ်၏ ဆန်ဈေးနှုန်းများသည် တင်ဒါရလဒ်ကြေညာမှုမှ အကျိုးအမြတ် ရရှိရန် မျှော်လင့်နိုင်ဖွယ်မရှိကြောင်း S&P Global ဈေးကွက်သုတေသနအဖွဲ့က ဖော်ပြပါသည်။

03 Jun 2024

    ထိုင်းနိုင်ငံ၌ ဆီအုန်းဈေးကျဆင်းရသည့် အကြောင်းအရင်းကို ရှာဖွေရန်နှင့် ကြိုတင်ကာကွယ်မှု အစီအမံများကို ရှာဖွေ‌ဖော်ဆောင်ရန်အတွက် ဆီအုန်းစိုက်ခင်းများရှိသည့်ဒေသများသို့ သွားရောက်လေ့လာစုံစမ်းရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်တွင်းကုန်သွယ်ရေးဌာနသို့ ညွှန်ကြားထားရှိကြောင်း Bangkok Post သတင်းဌာနက ၂၅-၅-၂၀၂၄ ရက် နေ့တွင် ဖော်ပြပါသည်။

03 Jun 2024

     ဘရာဇီးနိုင်ငံ၊ စီးပွားရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှုကောင်စီ (CAMEX) ၏ လက်အောက်ရှိ စီမံခန့်ခွဲရေးအမှုဆောင်ကော်မတီသည် ဆန်အမျိုးအစား ၃ ခုအပေါ် သွင်းကုန်ခွန် ဖယ်ရှားရန် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနနှင့် အမျိုးသားဆန်အရောင်းကုမ္ပဏီ (CONAB) တို့၏ အဆိုပြုချက်ကို ၂ဝ၂၄ ခုနှစ် မေလ ၂ဝ ရက်နေ့၌ သဘောတူခွင့်ပြုခဲ့ပါသည်။

03 Jun 2024

   အရည်အသွေးမြင့် ကမ္ဘောဒီးယားဆန်အား ဝယ်လိုအားမြင့်မားလာမှုအရ ကမ္ဘောဒီးယား ဆန်တင်ပို့သူ ကုမ္ပဏီဖြစ်သည့် Amru Rice သည် ၎င်း၏ ပရီမီယံဆန်နှင့် အော်ဂဲနစ်ဆန်အမျိုး အစားများကို ဥရောပဈေးကွက်သို့ တိုးမြှင့်တင်ပို့သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်လျက်ရှိသည်။

03 Jun 2024

    ဗီယက်နမ် လယ်ယာစိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံ၏ ၂၀၂၃-၂၀၂၄ ခုနှစ် သီးနှံရာသီအတွင်း ကော်ဖီထွက်ရှိမှုပမာဏသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀% လျော့ကျလျက် တန်ချိန် ၁.၄၇ သန်းသာရှိကြောင်း၊ ၎င်းပမာဏသည် ၄ နှစ် အတွင်း အနိမ့်ဆုံးဖြစ်ပြီး ကမ္ဘာ့ရိုဘတ်စတာကော်ဖီဈေးကွက်၌ ရောင်းလိုအားအပိုင်းအပေါ် ဖိအားများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

03 Jun 2024

      ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနသည် ဂျပန်ဈေးကွက်သို့ Hass အမျိုးအစား ထောပတ်သီးများ တင်ပို့ခြင်းကို ယခုနှစ်အတွင်း စတင်နိုင်ရန် မျှော်မှန်းလျက်ရှိကြောင်း သိရှိရသည်။

03 Jun 2024

    အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံဈေးနှုန်းများမှာ လွန်ခဲ့သော ၄ - ၅ လ ကာလအတွင်း ၁၀% မှ ၁၅% အထိ မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်များကို ထုတ်ပြန်ကြေညာမည့် ဇွန်လ ၄ ရက်နေ့၏ နောက်ပိုင်း၌ ၂၀% မှ ၃၀% ခန့်အထိ ထပ်မံမြင့်တက်လာဖွယ်ရှိကြောင်း Times of India သတင်းဌာနက ဖော်ပြပါသည်။

31 May 2024

      မ‌လေးရှားနိုင်ငံသည် ၎င်း၏ ဆီမီးကွန်ဒတ်တာထုတ်လုပ်သော စက်မှုလုပ်ငန်းများအတွက် အနည်းဆုံး ရင်းဂစ် ၅၀၀ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၇ဘီလီယံ)အား ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ် Anwar Ibrahim က ၂၀၂၄ခုနှစ်၊ မေလ ၂၈ရက်နေ့ (အင်္ဂါနေ့) တွင် ပြောကြားခဲ့သည်။

31 May 2024

        သီရိလင်္ကာကျွန်းနိုင်ငံမှ လက်ဖက်ခြောက်ထုတ်လုပ်သော လုပ်ငန်းရှင်များသည် အလုပ်သမားများအား လုပ်ခလစာ ၇၀ရာခိုင်နှုန်းတိုးမြှင့်ပေးရန် အစိုးရ၏ ထုတ်ပြန်ခဲ့သည့် အမိန့်ကို ၂၀၂၄ခုနှစ်၊ မေလ ၂၇ရက်‌နေ့ (တနင်္လာနေ့)က ရှုတ်ချခဲ့ပြီး ၎င်းတို့၏လက်ဖက်ခြောက်သည် တစ်ကမ္ဘာလုံးတွင် ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့်အပြင် နိုင်ငံအတွက် ငွေကြေးအခက်အခဲများပေါ်ပေါက်လာစေရန် ဒေါ်လာငွေများလျော့နည်းသွားစေမည်ဟုပြောဆိုခဲ့သည်။

31 May 2024

       အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးရာညှိနှိုင်းဆောင်ရွက်မှုဝန်ကြီး Airlangga Hartarto သည် အင်ဒိုနီးရှားနိုင်ငံတွင်ထုတ်လုပ်သည့် ‌တောင်ကိုရီးယားနိုင်ငံလုပ် လျှပ်စစ်ကားများအား အမေရိကန်ဈေးကွက်သို့တင်ပို့ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများတွင် တောင်ကိုရီးယားအစိုးရ၏ ပံ့ပိုးမှုကိုရရှိရန် တောင်းဆိုခဲ့သည်ဟုသိရပါသည်။ Hartarto သည် တောင်ကိုရီးယားနိုင်ငံ၏ စွမ်းအင်၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး Ahn Duk-geun နှင့် ၂၂-၅-၂၀၂၄ ရက်နေ့က Seaul မြို့ တွင် တွေ့ဆုံခဲ့ပါသည်။

31 May 2024

        ဂျပန်ကုမ္ပဏီများသည် ဘိုင်အိုလောင်စာထုတ်လုပ်ခြင်း၊ အစိမ်းရောင်ထုတ်ပိုးခြင်း၊ AI နည်းပညာ လျှပ်စစ်ကားထုတ်လုပ်မှုတို့တွင် ထိုင်းနိုင်ငံ၌ ပိုမိုရင်းနှီးမြှုပ်နှံရန်နှင့် ၎င်းတို့၏ ထုတ်လုပ်ရေးစက်ရုံများကိုတိုးချဲ့ရန် စိတ်ဝင်စားနေကြောင်း ဝန်ကြီးချုပ်ဆရတ်သာဗီဆင်က ၂၃-၅-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အဆိုပါပြောကြားမှုကို ၎င်း၏ ၂၂-၅-၂၀၂၄ ရက်နေ့မှ ၂၄-၅-၂၀၂၄ ရက်နေ့ထိ (၃)ရက်တာကြာမြင့်ခဲ့သည့် ဂျပန်နိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ်တစ်စိတ်တစ်ပိုင်းဖြစ်သည့် တိုကျိုတွင် ဂျပန်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည့် အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

30 May 2024

      (၂၀၂၂-၂၀၂၃) ခုနှစ်တွင် ပင်လယ်ထွက်ကုန်များတင်ပို့‌ရောင်းချမှုမှာ အမေရိကန်ဒေါ်လာ ၈ဘီလီယံခန့်ရရှိခဲ့ပြီး အမေရိကန်နှင့်ဥရောပကဲ့သို့သော အဓိကဈေးကွက်များတွင် ဝယ်လိုအားကျဆင်းမှုကြောင့် (၂၀၂၃-၂၀၂၄) ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ရေထွက်ကုန်ပစ္စည်းများတင်ပို့မှု ၉ရာခိုင်နှုန်း(အမေရိကန်ဒေါ်လာ ၇.၃၇ဘီလီယံ)သို့ကျဆင်းသွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရှိရသည်။ သို့သော်လည်း ပင်လယ်ထွက်ကုန်တင်ပို့သူများသည် ပြည်ပမှမှာယူမှုများအားကောင်းနေသောကြောင့် လာမည့် (၂၀၂၄-၂၀၂၅) ခုနှစ်အတွင်း ပင်လယ်ထွက်ကုန်များအား ပိုမိုတင်ပို့ရောင်းချနိုင်လိမ့်မည်ဟုယုံကြည်ထ

Pages