ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Feb 2025

စက်မှုထုတ်လုပ်မှုအညွှန်းကိန်း (IIP) မှသတ်မှတ်ထားသော အိန္ဒိယနိုင်ငံ၏ စက်ရုံ လုပ်ငန်းများ တိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၃.၂ ရာခိုင်နှုန်းသို့ နှေးကွေး သွားကြောင်းအစိုးရ အချက်အလက်များက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

18 Feb 2025

ကနေဒါဝန်ကြီးချုပ် Justin Trudeau သည် ဥရောပကောင်စီဥက္ကဌ အန်တိုနီယိုကော်စတာ နှင့် ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen တို့သည် ကနေဒါနှင့် ဥရောပသမဂ္ဂ (EU) အကြား ခိုင်မာသော ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများကို ထပ်မံအတည်ပြုရန် ဘရပ်ဆဲလ်တွင် ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ဆုံခဲ့သည်။

17 Feb 2025

          သီးနှံရာသီအသစ်မှ ထွက်ရှိသော ဆန်စပါးများ ဈေးကွက်ဝင်ရောက်မှု များပြားပြီး ဝယ်ယူမှုများ နှောင့်နှေးလျက်ရှိမှုနှင့်အတူ အိန္ဒိယ၏ ဆန်ပို့ကုန်ဈေးနှုန်းများသည် ဖေဖော်ဝါရီလ ဒုတိယရက်သတ္တပတ်၌ ဆက်လက်ကျဆင်းခဲ့ပြီး ၁၉ လအတွင်း အနိမ့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့ သည့်နည်းတူ ဗီယက်နမ်၏ ဆန်ပို့ကုန်ဈေးနှုန်းများသည်လည်း ၂ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက် ရှိလာကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

17 Feb 2025

          မလေးရှားနိုင်ငံ၌ စပါးစံပြုအခြေခံဈေးနှုန်းကို မက်ထရစ်တစ်တန်လျှင် ရင်းဂစ်ငွေ ၁၃၀၀ နှုန်း သတ်မှတ်ထားရာမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစတင်၍ ရင်းဂစ် ၁၅၀၀ နှုန်းသို့ တိုးမြှင့်မည်ဟု စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Datuk Seri Mohamad Sabu က ထုတ်ဖော်ပြောကြားခဲ့သည်။

17 Feb 2025

          မလေးရှားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရိတ်သိမ်း မှုကို နှောင့်ယှက်ခြင်းကြောင့် စားအုန်းဆီထုတ်လုပ်မှုသည် ၂၀၁၆ ခုနှစ်နောက်ပိုင်း ကျဆင်းမှု အများဆုံးဖြစ်ကြောင်း စင်ကာပူအခြေစိုက် Business Times သတင်းဌာနက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖော်ပြထားသည်။

17 Feb 2025

          ဘာစမာတီဆန်၏ မူလဇစ်မြစ်ဒေသနှင့် စပ်လျဉ်း၍ နိုင်ငံတကာ အငြင်းပွားမှုဖြစ်ပေါ်လျက် ရှိရာတွင် ဘာစမာတီဆန်သည် ပါကစ္စတန်နိုင်ငံ၏ ထုတ်ကုန်ဖြစ်သည်ဟု နယူးဇီလန်နိုင်ငံနှင့် ဩစတေးလျနိုင်ငံတို့က တရားဝင် အသိအမှတ်ပြုခဲ့ရာ ကမ္ဘာ့ဈေးကွက်၌ ပါကစ္စတန် ဘာစမာတီ ဆန်၏ ရပ်တည်နိုင်မှုအား ပိုမိုခိုင်မာစေသည့် အောင်ပွဲတစ်ရပ် ရရှိခဲ့သည်ဟု Startup Pakistan သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

17 Feb 2025

          ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် မလေးရှားနိုင်ငံသို့ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၆.၁၆ သန်းရှိသော ရော်ဘာ ၃၈၄၄၂ တန်ကို တင်ပို့ခဲ့နိုင်ကြောင်းသိရှိရပါသည်။

17 Feb 2025

          ရာသီဥတု ဆိုးရွားမှုကြောင့် ကြံအထွက်ကျဆင်းခဲ့ပြီး လက်ကျန်နည်းပါးလာသည့်အတွက် အိန္ဒိယနိုင်ငံ၏ ထိပ်တန်းကြံကြိတ်ဝါးထုတ်လုပ်သော ပြည်နယ်များရှိ သကြားစက်ရုံပေါင်း ၃ ဒါဇင် ကျော်သည် ပုံမှန်ထက် နှစ်လခန့်စောလျက် ယခင်ရက်သတ္တပတ်တွင် စက်ရုံလည်ပတ်မှုများကို ရပ်နားခဲ့ကြကြောင်း ကြံလုပ်ငန်းမှ အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

17 Feb 2025

          အိန္ဒိယနိုင်ငံ၌ ပဲမျိုးစုံစားသုံးမှုမှာ တိုးတက်လျက်ရှိရာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် မှုနှင့် သဟဇာတဖြစ်သည့် ကုန်သွယ်‌ရေးမူဝါဒတို့ကို ဖော်ဆောင်ပေးခြင်းဖြင့် အိန္ဒိယအတွက် အား ထားရသော ပဲမျိုးစုံထောက်ပံ့ပေးသွင်းသူအဖြစ် ရပ်တည်နိုင်ရန် ဘရာဇီးနိုင်ငံဘက်မှ လိုလား လျက်ရှိသည်ဟု မွန်ဘိုင်းမြို့အခြေစိုက် CNBC TV18 သတင်းဌာနက ဖော်ပြပါသည်။

14 Feb 2025

              ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မှုတွင် ဆန်တင်ပို့မှု အများဆုံး(၁၀)နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံ (၆၉၄၆၁၈)တန်၊ တရုတ်(၂၀၁၁၃၁)တန်၊ ဖိလစ်ပိုင် (၁၅၆၆၃၉)တန်၊ Cote d’အိုင်ဗီးယား (၁၀၅၆၄၃)တန်၊ စပိန် (၇၇၀၁၁)တန်၊ ကင်မရွန်း (၆၁၄၁၅)တန်၊ ပိုလန်(၆၁၁၇၃)တန်၊ မိုဇမ်ဘစ် (၅၅၁၁၉)တန်၊ Burkina Faso (၃၂၀၀၀)တန်၊ ချက်သမ္မတနိုင်ငံ(၂၈၁၁၆) တန်နှင့် အခြား (၃၅) နိုင်ငံများသို့(၁၇၇၄၄၄)တန်တင်ပို့ခဲ့ပြီးဆန်ကွဲတင်ပို့မှုအများဆုံး(၁၀)နိုင်ငံဖြစ်သော ဘယ်လ်ဂျီယံ  နိုင်ငံ(၃၅၂၅၉၃)တန်၊တရုတ် (၃၀၄၅၇၇)တန်၊အင်ဒိုနီးရှား(၉၉၈၀၁)တန်၊

13 Feb 2025

          အာဖဂန်နစ္စတန်နိုင်ငံမှ ၂၀၂၄ ခုနှစ်တွင်အမေရိကန်ဒေါ်လာသန်း ၂၀ တန်ကြေးရှိဆေးဖက်ဝင် အပင်များအား တင်ပို့ခဲ့ကြောင်း စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က သတင်းထုတ်ပြန်ခဲ့သည်။ အာရပ်စော်ဘွားများပြည်ထောင်စု၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ တူရကီ၊ အီရန်၊ ကာဂျစ္စတန်၊ ယူကရိန်း၊ အမေရိကန်၊ ကနေဒါနှင့် အခြားနိုင်ငံများအပါအဝင် အာဖဂန်နစ္စတန်၏ ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများသို့ တင်ပို့ခဲ့သည်ဟု ဝန်ကြီးဌာန ပြော‌ရေးဆိုခွင့်ရှိသူ AkhundZanda Abidul Salam Jawad က ဖေဖော်ဝါရီ ၉ ရက်နေ့ကပြောကြားခဲ့ကြောင်း ပြည်တွင်းမီဒီယာ TOLOnews ကပြောကြားခဲ့သည်။ စုစုပေါင်း တန်ချိန် ၁၅၂၀

13 Feb 2025

          ရိုမေနီးယားနိုင်ငံ၏ ကုန်သွယ်မှုလိုငွေသည် ၂၀၂၄ ခုနှစ်တွင် ၁၅.၃ ရာခိုင်နှုန်းတိုးလာကာ ယူရို ၃၃.၃၉ =၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၄.၄ ဘီလီယံ) အထိ‌ရောက်ရှိခဲ့ပြီး ယမန်နှစ်ကထက်ယူရို ၄.၄ ဘီလီယံ တိုးလာကြောင်းအမျိုးသားစာရင်းအင်းသိပ္ပံ (INS) က ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

          ၂၀၂၄ ခုနှစ်ဒီဇင်ဘာလတွင်နိုင်ငံသည် Free On Board (FOB) တင်ပို့မှုယူရို ၆.၅၈၁ ဘီလီယံ နှင့် ကုန်ကျစရိတ်၊ အာမခံနှင့် ကုန်စည်ပို့ဆောင်မှု (CIF) တင်သွင်းမှု ယူရို ၉.၉၁၆ ဘီလီယံအား မှတ်ပုံ တင်ခဲ့ပြီး လစဥ်လိုငွေပြမှု ယူရို ၃.၃၃၆ ဘီလီယံရှိခဲ့သည်။

Pages