ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Jan 2025

          ဗီယက်နမ်နိုင်ငံသည် အစိုးရကသတ်မှတ်ထားသည့်  ၂၀၂၅ ခုနှစ် စီးပွားရေးကြီးထွားမှု ရည်မှန်းချက် ၈ ရာခိုင်နှုန်းပြည့်မီရန် များစွာသော စီမံချက်များ ဆောင်ရွက်သွားမည်ဟု စီမံကိန်း နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ Nguyen Duc Tam က ဇန်နဝါရီလ ၈ ရက် နေ့က အစိုးရသတင်းစာရှင်းလင်းပွဲတွင် အကျဉ်းချုပ်ပြောကြားခဲ့ပါသည်။ Tam က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ဝန်ကြီးချုပ်က ဝန်ကြီးဌာနများနှင့် ကဏ္ဍများအား ၂၀၂၅ ခုနှစ်တွင် အနည်းဆုံးစီးပွားရေးကြီးထွားနှုန်း ၈ ရာခိုင်နှုန်းရရှိရန်အတွက် အကောင်အထည်ဖော်ကြရန် တရားဝင်ထုတ်ပြန်ခဲ့သည်ဟု ပြောကြားခဲ့ပါသည်။ ထိုထဲတွင် Hanoi၊ Ho

21 Jan 2025

          ထိုင်းနိုင်ငံကြံနှင့်သကြားဘုတ်အဖွဲ့ရုံး(OCSB)က လုပ်ငန်းမှတာဝန်ရှိသူများသည် တရုတ် နိုင်ငံက ထိုင်းနိုင်ငံထံမှသကာရည် (Syrup) တင်ပို့မှုကို အစားအစာလုံခြုံစိတ်ချရမှု အကြောင်း ပြချက်ဖြင့် ပိတ်ပင်လိုက်ခြင်းသည် နိုင်ငံတွင်းမှ သကြားထုတ်လုပ်သူများအား သက်ရောက်မှုရှိ မည်မဟုတ်ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်အာဏာပိုင်များသည် ထိုင်း နိုင်ငံ ရှိစက်ရုံများတွင် သန့်ရှင်းရေးစံနှုန်းများအပေါ် စိုးရိမ်ပူပန်မှုသည် ထိုပိတ်ပင်ခြင်း၏ အဓိက အကြောင်းပြချက်ဖြစ်ကြောင်းသိရပါသည်။ OCSB ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Bainoi Suwanchatree က ထိုင်းနိုင်ငံသကြားထုတ်လုပ်သူများသည် အားကောင်းသော ဝ

21 Jan 2025

          စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ဗီယက်နမ်-တရုတ်ဆက်ဆံရေး တွင် အားကောင်းတည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တောက်ပစွာရှိနေကြောင်း တရုတ် နိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးအတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ Nong Duc Lai က ဗီယက်နမ်သတင်း အေဂျင်စီနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ကြောင်း သိရပါသည်။ Lai က တရုတ်နှင့် များစွာသော ၎င်းတို့၏မိတ်ဖက်များအကြား ကုန်သွယ်မှုကျဆင်းနေသော်လည်း ဗီယက်နမ်သည် တရုတ်နှင့် ကုန်သွယ်ရေးဆက်ဆံမှုတည်ငြိမ်သည့် နိုင်ငံအနည်းငယ်ထဲမှတစ်ခုအဖြစ် ဆက်လက် ရှိနေကြောင်း‌ ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် တရုတ်၏ ကမ္ဘာပေါ်တွင် စတုတ္ထ အကြီးမားဆုံး ကုန်သွယ်ရ

21 Jan 2025

၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ပြည်တွင်းကားထုတ်လုပ်မှုသည် ခန့်မှန်းအစီးရေ ၃၈၈၅၀၀ စီးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၂၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အထွေထွေ စာရင်းအင်း ရုံး၏ အဆိုအရသိရပါသည်။ စက်တင်ဘာလမှ နိုဝင်ဘာလအထိ သုံးလကြာမြင့် သည့် ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်သည့်ကားများအတွက် မှတ်ပုံတင်ကြေး ၅၀ ရာခိုင်နှုန်း လျှော့ချပေးသည့် ကာလတွင် အစီးရေ ၁၃၄၅၀၀ စီး ထုတ်လုပ်ခဲ့ကြောင်း သိရပါသည်။ ထိုပမာဏသည် နိုင်ငံ၏ တစ်နှစ်တာစုစုပေါင်းထုတ်လုပ်သည့်ပမာဏ၏ သုံးပုံတစ်ပုံရှိကြောင်း သိရပါသည်။ သို့သော် ဒီဇင်ဘာလတွင် နိုင်ငံ၏ပြည်တွင်းကားထုတ်လုပ်မှုသည် ခန့်မှန်း ၄၇၀၀၀ ရှိပြီး နိုဝင်ဘာလက ထုတ်လုပ်ခဲ့သည့် အစ

21 Jan 2025

          ဗီယက်နမ်လျှပ်စစ်ဓာတ်အား(EVN) သည် Ninh Thuan ပြည်နယ်ရှိ နျူကလိယစွမ်းအင် စက်ရုံများပါဝင်သော စွမ်းအင်စီမံကိန်းသစ်များ၏ ရင်းနှီးမြှုပ်နှံသူအဖြစ် ဆက်လက် တည်ရှိ နေနိုင်ကြောင်း ညွှန်ကြားရေးမှူးဖြစ်သူ Nguyen Anh Tuan  ဇန်နဝါရီလ ၆ ရက်နေ့က ဟနွိုင်းမြို့တွင် ကျင်းပခဲ့သော EVN ၏ နှစ်ကုန်ဆန်းစစ်ချက်ညီလာခံတွင် ပြောကြားခဲ့ပါသည်။ Tuan ၏ အဆိုအရ နျူကလိယစွမ်းအင်သည် တည်ငြိမ်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် သင့်လျော်ခြင်းနှင့် တည်ငြိမ်သော စွမ်းအင်အရင်းအမြစ်ဖြစ်ခြင်းတို့အပြင် ထိုစွမ်းအင်ကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ၏စွမ်းအင်ပံ့ပိုးမှုကို ကွဲပြားစေနိုင်သောကြောင့်

21 Jan 2025

          ကမ္ဘောဒီးယားနိုင်ငံ၏ ငှက်ပျောသီးတင်ပို့မှုသည် တရုတ်သွင်းကုန်များ သိသိသာသာ ကျဆင်းလာမှုနှင့် အိမ်နီးချင်းနိုင်ငံများမှ ခက်ခဲသောယှဉ်ပြိုင်မှုများကြောင့် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်း ၁၁.၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ နိုင်ငံတော်၏ ငှက်ပျောသီးတင်ပို့မှုသည် စုစုပေါင်းတန်ဖိုးသည် ၂၀၂၃ ခုနှစ် အလားတူကာလ ကန်ဒေါ်လာ ၁၅၆.၂ သန်းမှ ၁၃၈ သန်းသို့ကျဆင်းသွားခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) မှ ၇-၁-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားငှက်ပျောသီးတင်ပို့မှု၏ ၉၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ပထမ သုံးလပတ်တွင် တန်ချိန် ၁.

21 Jan 2025

          ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား အဓိကဖြတ်ကျော်သောနေရာဖြစ်သည့် Bavet International Border Gate သည် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၇၂ နိုင်ငံမှ ခရီးသွားစုစုပေါင်း ၁.၅၇ သန်း စံချိန်တင်ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၅.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း Bavet မြို့၊ အပြည်ပြည်ဆိုင်ရာနယ်ခြားဂိတ်စစ်ဆေးရေးရုံးမှ လက်ထောက်အကြီးအကဲ Puth Sopheakeo ကအစီရင်ခံခဲ့သည်။ အဆိုပါခရီးသည်များသည် ပြည်ပနိုင်ငံများမှ ၎င်းတို့၏လုပ်ငန်းတာဝန်များပြီးမြောက်ပါပြီးကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် ပြည်တွင်းလုပ်ငန်းရှင်များ၊ ဆွေးနွေးမှုများပြုလုပ်ခြင်း၊

21 Jan 2025

          တရုတ်နိုင်ငံမှ ထိပ်တန်းတာယာထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Sailum Group သည် ကမ္ဘောဒီးယားနိုင်ငံနှင့်မြောက်အမေရိကမှ ဝယ်လိုအားများကိုဖြည့်ဆည်းရန်အတွက် ကမ္ဘောဒီးယား နိုင်ငံတွင် တာယာထုတ်လုပ်မှုများတိုးချဲ့ရန်အတွက် ကန်ဒေါ်လာ ၉၃.၅ သန်းနီးပါး ရင်းနှီမြှုပ်နှံ မည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။ Svey Rieng မြို့ရှိ Sailum Group ၏ ကမ္ဘောဒီးယားတွင်လုပ်ငန်းခွဲဖြစ်သော Cart Tyre Co.,Ltd သည် ၎င်းတို့၏စက်ရုံတွင် ထုတ်လုပ် မှုများတိုးမြှင့်ရန်အတွက် ကန်ဒေါ်လာ ၆၁.၁၈ သန်းသုံးစွဲမည်ဖြစ်ပြီး ၎င်းတို့၏လုပ်ငန်း အရင်း အနှီးကိုမြှင့်တင်ရန်အတွက် ကန်ဒေါ်လာ ၃၂.၃၀ သန်းသုံးစွဲမည်ဖြစ်ကြောင်း Sailum Gro

20 Jan 2025

ကမ္ဘောဒီးယားနိုင်ငံ၏ ၂၀၂၅ ခုနှစ်အတွက် သီဟိုဠ်စေ့ထုတ်လုပ်မှုသည် ရာသီဥတု အခြေ အနေအပေါ် မူတည်၍ တန်ချိန် ၇၀၀၀၀၀ မှ ၉၀၀၀၀၀ အတွင်း ထွက်ရှိမည်ဟု ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်း (CAC) က ခန့်မှန်းထားကြောင်း သိရှိရသည်။

20 Jan 2025

ထိုင်းနိုင်ငံမှ တင်ပို့သော သကာရည်များအား အစားအစာဘေးကင်းလုံခြုံရေး အကြောင်း ပြချက်ဖြင့် တရုတ်နိုင်ငံက လက်ရှိအချိန်တွင် ပိတ်ပင်ထားခြင်းသည် ပြည်တွင်းရှိ သကြားထုတ် လုပ်သူများကို ထိခိုက်စေမည်မဟုတ်ဟု တာဝန်ရှိသူများအနေဖြင့် ယုံကြည်ထားကြောင်း ထိုင်း ကြံနှင့် သကြားဘုတ်အဖွဲ့ရုံး (OCSB) မှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

20 Jan 2025

ဗီယက်နမ်နိုင်ငံ၌ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန လက်အောက်ရှိ အပင်ကာကွယ်ရေးဦးစီးဌာနက ဒေသအာဏာပိုင်များနှင့် သက်ဆိုင်ရာအေဂျင်စီများ အနေဖြင့် ဒူးရင်းနှင့် ပိန္နဲကဲ့သို့သော လတ်ဆတ်သစ်သီးဝလံများအား ပြည်ပတင်ပို့ရာတွင် ထုပ်ပိုးသည့်နေရာ များနှင့် စိုက်ပျိုးသည့်နယ်မြေဧရိယာများကို စောင့်ကြည့်ကြပ်မတ်ခြင်းနှင့် စစ်‌ဆေးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ရန် တောင်းဆိုထားကြောင်း သိရှိရပါသည်။

20 Jan 2025

မလေးရှား စားအုန်းဆီ သိုလှောင်မှုလက်ကျန်သည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၁.၇၁ သန်းရှိ ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁.၆ သန်းခန့်ရှိနိုင်မည်ဟု စိုက်ခင်းနှင့်ကုန်စည်များရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (Malaysian Palm Oil Board- MPOB) က ၁၄-၁-၂၀၂၅ ရက်နေ့တွင်ပြောကြားခဲ့ကြောင်း The Star Online သတင်းဌာနက ဖော်ပြသည်။

Pages

a