ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
29 Aug 2023

မလေးရှားနိုင်ငံသည် စက်တင်ဘာလအတွက် စားအုန်းဆီကြမ်း (CPO) ၏ ပို့ကုန်အခွန်ကို ၈% ဖြင့် ဆက်လက်ထိန်းသိမ်းလျက် စားအုန်းဆီကြမ်း ရည်ညွှန်းစျေးနှုန်းကို တိုးမြှင့်ခဲ့ကြောင်း မလေးရှားစားအုန်းဆီဘုတ်အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဩဂုတ်လ ၂၂ ရက်၊ အင်္ဂါနေ့၌ ဖော်ပြခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စားအုန်းဆီတင်ပို့သူဖြစ်သည့် မလေးရှားအနေဖြင့် သြဂုတ်လ အတွက် စားအုန်းဆီကြမ်း ရည်ညွှန်းစျေးနှုန်းကို မက်ထရစ်တစ်တန်လျှင် ၃၆၁၄.၂၈ ရင်းဂစ်ငွေ သတ်မှတ်ထားရာမှ စက်တင်ဘာလအတွက် ရည်ညွှန်းဈေးနှုန်းကို တစ်တန်လျှင် ၃၇၅၅.၁၃ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၈၀၈.၀၈) သို့ တိုးမြှင့်ခဲ့သည်။

29 Aug 2023

အိန္ဒိယနိုင်ငံတွင် မိုးရွာသွန်းမှု ပြတ်တောက်ခဲ့ခြင်းက ကြံစိုက်ပျိုးထွက်ရှိမှုကို လျော့ကျစေခဲ့သဖြင့် အောက်တိုဘာလ၌ စတင်မည့်ရာသီကာလအတွင်း ကြံကြိတ်စက်များမှ သကြားတင်ပို့မှုကို ၇ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တားမြစ်ပိတ်ပင်သွားနိုင်ဖွယ်ရှိကြောင်း အစိုးရဌာန သတင်းအရင်းအမြစ် ၃ ခုမှ ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ ကမ္ဘာ့သကြား ဈေးကွက်တွင် ပါဝင်မှုမရှိခြင်းသည် နှစ်ပေါင်းများစွာ အမြင့်ဈေးနှုန်းဖြင့် ကုန်သွယ်နေကြသော နယူးယောက်နှင့် လန်ဒန်ဈေးကွက်များရှိ သကြားစံပြဈေးနှုန်းများကို ထပ်မံမြင့်တက်စေဖွယ်ရှိသဖြင့် ကမ္ဘာ့ အစားအစာဈေးကွက်တွင် ဈေးနှုန်းများဖောင်းပွမှုဖြစ်ပေါ်မည်ကို စိုးရိမ်

29 Aug 2023

ပြည်ပသို့ ကြက်သွန်နီတင်ပို့မှုအပေါ် အခွန် ၄ဝ% ကောက်ခံရန် အိန္ဒိယနိုင်ငံ၏ လုပ်ဆောင်မှုက  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်မှု ဖြစ်ပေါ်စေခဲ့ရာ ကြက်သွန်နီတင်သွင်းမှုအပေါ် ကောက်ခံလျက်ရှိသည့် အခွန်များအားလုံးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုသွားရန် ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှုနှင့်အကောက်ခွန်ကော်မရှင် (BTTC) က အခွန်ဌာနသို့ တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

29 Aug 2023

အမျိုးသားသမဝါယမ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးအဖွဲ့ (National Cooperative Agricultural Marketing Federation - NAFED) နှင့် အမျိုးသားသမဝါယမစားသုံးသူများအဖွဲ့ (National Cooperative Consumers Federation- NCCF) တို့သည် မဟာရဋ္ဌပြည်နယ်မှ ကြက်သွန်နီတန်ချိန် ၂ သိန်း ၀ယ်ယူမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ခဲ့အပြီးတွင် ၎င်းပြည်နယ်ရှိ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးကော်မတီ (APMC) ကုန်စည်ဒိုင်အချို့မှ ကုန်သည် များသည် အစိုးရ၏ ကြက်သွန်နီ လေလံရောင်းချမှုကို သပိတ်မှောက်ခဲ့ကြသည်။

29 Aug 2023

ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာသဖြင့် ပြည်ပသို့ တင်ပို့မှု ကို လျှော့ချရန်နှင့် ပြည်တွင်းဈေးကွက်၌ ရောင်းလိုအား တိုးမြှင့်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်ပသို့ ကြက်သွန်နီ တင်ပို့မှုအပေါ် အခွန် ၄၀% သတ်မှတ်လျက် ၃၁-၁၂-၂၀၂၃ နေ့အထိ ကောက်ခံမည်ဖြစ်ပြီး ချက်ခြင်းအကျိုးသက်ရောက်မှုရှိစေမည်ဖြစ်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ၁၉-၈-၂၀၂၃ နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

29 Aug 2023

တရုတ်နိုင်ငံ၌ ပြည်နယ်နှင့် ဒေသကြီး ၁၀ ခုတွင် နမူနာကောက်ယူ လေ့လာဆန်းစစ်ချက် ရလဒ်များအရ ၂၀၂၃ ခုနှစ်အတွင်း ကောက်စောစပါး (early-season rice) စိုက်ပျိုးမှုမှာ ဧရိယာလျော့ကျခဲ့သော်လည်း အထွက်နှုန်းတိုးတက်မှု ရရှိခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို အဖွဲ့ (NBS) က ဩဂုတ်လ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

29 Aug 2023

ထိုင်းနိုင်ငံ၌ ယခုနှစ်တွင်ဖြစ်ပေါ်သည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မိုးရေချိန် ရရှိမှု လျော့ကျလျက် နိုင်ငံတစ်ဝန်းရှိ လယ်ယာမြေဧရိယာ ရိုင်ပေါင်း ၁၆.၅ သန်းခန့် (ဧက ၆.၅၂၃၅ သန်းခန့်) အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနက ဩဂုတ်လ ၂၂ ရက်၊ အင်္ဂါနေ့၌ ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

29 Aug 2023

အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံနှင့် မတ်ပဲ ဈေးနှုန်းများမြင့်တက်မှုနှင့်အတူ အခြားသော ပဲများ၏ ဝယ်လိုအားသည်လည်း မြင့်တက်ခဲ့ရာ ကုလားပဲဈေးနှုန်းများသည် လွန်ခဲ့သည့် တစ်လတာအတွင်း ငါးပုံတစ်ပုံခန့် သိသာစွာမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

22 Aug 2023

ကမ္ဘောဒီးယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ဆန်တန်ချိန် ၁၂၅၀၀၀ ကို တင်ပို့ရေး သဘောတူညီမှုရရှိခဲ့ကြောင်း Khmer Times သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

21 Aug 2023

အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုသည်  ဇူလိုင်လတွင် တန်ချိန် ၁.၀၈ သန်းခန့်ရှိရာ ယခင်လထက် ၅၉% ခန့် ပိုမိုတင်သွင်းခဲ့ပြီး ၇ လအတွင်း တင်သွင်းမှုအမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရပါသည်။ ပဲပုပ်ဆီတင်သွင်းမှုမှာ ၂၂% ကျဆင်းခဲ့ပြီး ပမာဏအားဖြင့် တန်ချိန် ၃၄၂၂၇၀ တန် ရှိပါသည်။ နေကြာဆီတင်သွင်းမှုအနေဖြင့် ၇၁% မြင့်တက်မှု ဖြစ်ပေါ်ခဲ့ပြီး တန်ချိန် ၃၂၇၂၅၉ ရှိကြောင်း မွန်ဘိုင်းမြို့အခြေစိုက် အိန္ဒိယဆီစက်လုပ်ငန်းရှင်များအသင်း (SEA) က ဩဂုတ်လ ၁၄ ရက် တနင်္လာနေ့တွင် ပြောကြားပါသည်။

21 Aug 2023

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ၂ဝ၂၃ ခုနှစ်အတွင်း ဝါသီးနှံစိုက်ခင်းများ၌ ပန်းရောင်ဝါသီး ထိုးပိုး (pink bollworm)  ကျရောက်မှုမှာ လွန်ခဲ့သော ၂ နှစ်ထက် ပိုမိုများပြားသဖြင့်  ဝါသီးနှံများအတွက် စိန်ခေါ်မှု ဖြစ်ပေါ်လျက်ရှိပါသည်။

21 Aug 2023

အင်ဒိုနီးရှားနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုထက်မက မိုးများအလွန်အကျွံရွာသွန်းခဲ့ပြီးနောက် ကော်ဖီအထွက်နှုန်းသည် အနည်းဆုံးဖြစ်ခဲ့သဖြင့် ကမ္ဘာ့ကော်ဖီဈေးနှုန်းများမှာလည်း အချိန်တိုင်း မြင့်တက်နေခဲ့ပါသည်။ ယခုအခါ အယ်လ်နီညို၏ ခြောက်သွေ့သောရာသီဥတုကြောင့် ကမ္ဘာ့ စတုတ္ထအကြီးမားဆုံး ကော်ဖီစိုက်ပျိုးသည့် အင်ဒိုနီးရှားနိုင်ငံ၏ ကော်ဖီအထွက်နှုန်းမှာ ပိုမိုလျော့နည်းနိုင်ကြောင်း သိရှိရပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အာရဘီကာကော်ဖီထက် ပိုမိုခါးသက်သော အရသာရှိသည့် ရိုဘတ်စတာကော်ဖီများကို အဓိက စိုက်ပျိုးထုတ်လုပ်ရာတွင် ထုတ်လုပ်မှုလျော့နည်းကျဆင်းခဲ့သဖြင့် ကော်ဖီဈေးနှုန်းများမှာ ၂ဝ၂၃ ခုနှစ်အတွင်း ၄ဝ% ကျ

Pages