ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Jun 2024

   ပြင်းထန်သည့်ရာသီဥတုအခြေအနေ၊ တင်ပို့သည့်ဈေးနှုန်းများနှင့်စပ်လျဉ်း၍ ယှဉ်ပြိုင်ရသည့် ဖိအား၊ မြင့်မားသည့် အချက်အလက်ဖြည့်သွင်းရသည့် ကုန်ကျစရိတ်များနှင့် ပစ္စည်း ပြတ်လပ်မှုများစသည့် စိန်ခေါ်မှုများရှိနေသော်လည်း ဗီယက်နမ်နိုင်ငံ၏ ဇန်နဝါရီလမှ ဇွန်လအထိ ရေထွက်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံရောက်ရှိရန် မျှော်လင့်ရပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၆ ရာခိုင်နှုန်း မြင့်တက်လာနိုင်ကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာတင်ပို့ သူများနှင့် ထုတ်လုပ်သူများအသင်း အဆိုအရ သိရပါသည်။ ဗီယက်နမ်နိုင်ငံ သည် ၂၀၂၄ ခုနှစ်၏ ပထမ(၅)လဖြစ်သည့် ဇန်နဝါရီလမှ မေလအထိ ခန့်မှန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ

17 Jun 2024

    ဗီယက်နမ်နိုင်ငံသည် ပြည်တွင်းစျေးနှုန်းများနှင့် နိုင်ငံတကာစံနှုန်းများကြား ကျယ်ပြန့်လာနေသော စံနှုန်းများ၏ကွာဟမှုကို ပေါင်းကူးရန်ရည်ရွယ်၍ ဆယ်စုနှစ်တစ်ခုအတွင်း ကုမ္ပဏီများအား ပထမဆုံးအကြိမ်ရွှေတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

     ဗီယက်နမ်ရွှေကုန်သည်များအသင်း (VGTA) သည်ရွှေ‌ရောင်းလိုအားနှင့် ဝယ်လိုအား မညီမျှမှုကို ပြုပြင်ရန်အတွက် အစိုးရနှင့် နှစ်ရှည်လများ ဆွေးနွေးခဲ့ကြောင်း အဆိုပါအသင်း၏ ဒုဥက္ကဠ Huynh Trung Khanh ၏ပြောကြားချက်အရ သိရသည်။

17 Jun 2024

     တရုတ်နိုင်ငံဘေဂျင်းမြို့မှ စည်းကြပ်ခွန်များရုတ်သိမ်းပြီးနောက် တစ်လအတွင်း သြစတြေလျဝိုင်ထုတ်လုပ်သူများသည် တရုတ်နိုင်ငံသို့ သြစတြေးလျဒေါ်လာ ၈၆ သန်းတန်ဖိုးရှိသော ဝိုင်များအားတင်ပို့ခဲ့ကြောင်း သြစတြေလျကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

    ၂၀၂၀ ခုနှစ်နိုဝင်ဘာလအထိ တရုတ်နိုင်ငံသည် စည်းကြပ်ခွန်များချမှတ်၍ သြစတြေးလျ နိုင်ငံ၏ဝိုင်တင်သွင်းမှုကို ပိတ်ဆို့ထားခဲ့ပြီး ကုန်သွယ်မှုကိုပြိုလဲသွားစေခဲ့သည်။ ထို့နောက်တရုတ် နိုင်ငံသည် ၎င်းတို့၏စည်းကြပ်ခွန်များအား ၂၀၂၄ မတ်လ ၂၉ ရက်မှစတင်ကာ ရုတ်သိမ်းခဲ့သည်။

17 Jun 2024

   ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ ၅ လအတွင်း ဗီယက်နမ်နိုင်ငံသို့ သီဟိုဠ်စေ့အကြမ်း တန်ချိန် ၆၆၇,၀၀၀ တင်ပို့ခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၃၇ ရာခိုင်နှုန်း တိုးလာကာ ပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ ၈၅၁ သန်းရရှိခဲ့ကြောင်း Vietnam News သတင်းဌာနက ဇွန်လ ၁၀ ရက်နေ့တွင် ဖော်ပြပါသည်။

17 Jun 2024

    ဖိလစ်ပိုင်နိုင်ငံတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် ၂ဝ၂၄ ခုနှစ် ဇွန်လအတွင်း  အားလျော့လာခဲ့သော်လည်း ပူပြင်းခြောက်သွေ့သော အခြေအနေများကြောင့် ဆန်၊ ပြောင်းနှင့် အခြားတန်ဖိုးမြင့်မားသည့် သီးနှံများကဲ့သို့သော စားသောက်ကုန်စည်များအပေါ် အကျိုးသက်ရောက်မှု များ ကျန်ရှိနေသေးကြောင်းနှင့် ဇွန်လ ၆ ရက်နေ့အထိ လယ်ယာစိုက်ပျိုးမှုဧရိယာ ၁၇ဝ၄၆၉ ဟက်တာကို ထိခိုက်ခဲ့ပြီး ပီဆိုငွေ ၉.၈၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၆၈.၇၁ သန်းခန့်) ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်းဖြင့် သဘာဝဘေးအန္တရာယ်လျော့နည်းရေးနှင့် စီမံခန့်ခွဲမှုဌာနမှတစ်ဆင့် ဖိလစ်ပိုင်လယ်ယာစိုက်ပျိုးရေးဦးစီးဌာနက အစီရင်ခံတင်ပြခဲ့ပါသည်။

17 Jun 2024

   ဖိလစ်ပိုင်နိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ ပြောကြားမှုအရ ဗီယက်နမ်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ဆန်ကုန်သွယ်မှုသည် ရှေ့လာမည့် အနာဂတ် ကာလအထိ ဆက်လက်တည်ငြိမ် နေမည်ဟု သိရှိရသည်။

    ဖိလစ်ပိုင်အစိုးရသည် ဆန်တင်သွင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြန်လည်ပြင်ဆင် ရန် စဉ်းစားမှုနှင့်အတူ အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (NFA) ကို ပြန်လည် ဖွဲ့စည်းနေချိန် တွင် အဆိုပါမူဝါဒ အပြောင်းအလဲများသည် ဗီယက်နမ်ပို့ကုန်များအပေါ် သိသာထင်ရှားသော လက်ငင်း အကျိုးသက်ရောက်မှု ရှိစေလိမ့်မည် မဟုတ်ကြောင်း ဗီယက်နမ်ကုန်သွယ်ရေးရုံးက ပြောကြားခဲ့သည်။

17 Jun 2024

    အင်ဒိုနီးရှားနိုင်ငံတွင် ယခင်နှစ်၌ မိုးရွာသွန်းမှုနည်းခဲ့ခြင်း၏ အကျိုးရလဒ်အဖြစ် သီးနှံ စိုက်ပျိုးမှုရာသီစက်ဝန်း နှောင့်နှေးခဲ့ခြင်းကြောင့် ယခုနှစ် ဇွန်လနှင့် ဇူလိုင်လများတွင် ဆန်စပါး ထွက်ရှိမှုမှာ နှစ်အလိုက်နှိုင်းယှဉ်ပါက ကျဆင်းဖွယ်ရှိသည်ဟု စားနပ်ရိက္ခာအေဂျင်စီ အကြီးအကဲ က ၁၀-၆-၂၀၂၄ ရက်၊ တနင်္လာနေ့၌ ပြောကြားခဲ့သည်။

17 Jun 2024

    ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် ဆန်နှင့် ဆန်ကြမ်းတင်ပို့မှု တားမြစ်ချက်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ နောက်ထပ်ခြောက်လ တိုးမြှင့်သတ် မှတ်ရန် အဆိုပြုထားသည်။ Kuban ရှိ Fedorovsky ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် ကုန်ကြမ်းရှားပါးမှု ဘေးအန္တရာယ်ကို လျှော့ချနိုင်ရန်နှင့် ကုန်ချောပစ္စည်းများ ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် ဆန်တင်ပို့မှုတားမြစ်ချက်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ချမှတ်ခဲ့ပြီး အကြိမ်ကြိမ် သက်တမ်းတိုးခဲ့ရာ မကြာသေးမီကာလ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ဖြစ်ခဲ့သည်။

17 Jun 2024

   အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံထံမှ ပြောင်းများကို အကောက်ခွန်ကင်းလွတ်သက်သာခွင့်ပြု လျက် တင်သွင်းခြင်းအား စတင်ဆောင်ရွက်ခဲ့ရာ အနည်းဆုံးအားဖြင့် သင်္ဘော ၃ စီးသည် တမီနာဒူ ပြည်နယ် Thoothukudi မြို့ရှိ VO Chidambaranar ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဇူလိုင်လကုန် အထိ နောက်ထပ် ပြောင်းသင်္ဘောများ ထပ်မံဆိုက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

17 Jun 2024

    အိန္ဒိယနိုင်ငံတွင် စားတော်ပဲများအား အကောက်ခွန်ပေးဆောင်ရန်မလိုပဲ တင်သွင်းခွင့်ပြု ခြင်းသည် ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းလျော့နည်းမှုကို ဖြစ်ပေါ်စေသဖြင့် ပဲမျိုးစုံသွင်းကုန် လုပ်ငန်းရှင်များက စားတော်ပဲအပေါ် သွင်းကုန်အခွန်တစ်ရပ် စည်းကြပ်ရန် အစိုးရသို့ တောင်းဆို လျက်ရှိကြသည်။

17 Jun 2024

     ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမ(၅)လတွင် အဝတ်အထည်၊ ခြေအိတ်နှင့် ခရီးသွားသုံးကုန်ပစ္စည်းများ (GFT) ပြည်ပသို့တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄.၈၉ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၂၀.၆၉ရာခိုင်နှုန်းမြင့်တက်လာကြောင်း ပြည်တွင်းနှင့်ပြည်ပအကောက်ခွန်အထွေထွေဦးစီးဌာနကထုတ်ပြန်သည့် ကုန်သွယ်ရေးအချက်အလက်အရသိရပါသည်။ GFT တင်ပို့မှုသည် ၂၀၂၂ခုနှစ်အလယ်ပိုင်းမှစ၍ (၁၈)လဆက်တိုက် ကျဆင်းနေခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် အလှည့်အပြောင်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ယခုအလှည့်အပြောင်းသည် ယခင်ကျဆင်းချိန်က စက်ရုံများပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားသော GFT ကဏ္ဍမ

14 Jun 2024

      ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမ(၅)လတွင် ကားတာယာများကို ပြည်ပသို့ အံ့သြဖွယ်ပမာဏတင်ပို့နိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနကထုတ်ပြန်သည့် အချက်အလက်များအရသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၃၀၈သန်းပမာဏရှိသည့် ကားတာယာများကိုတင်ပို့ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလတွင် အမေရိကန်ဒေါ်လာ ၁၀၁သန်းဖိုး တင်ပို့ခဲ့ခြင်းဖြစ်သောကြောင့် ရာခိုင်နှုန်းအားဖြင့် ၂၀၄ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ယခုကဲ့သို့ အထင်ကြီးဖွယ်မြင့်တက်လာခြင်းသည် နိုင်ငံ၌ ကားတာယာစက်ရုံများတည်ရှိမှုမြင့်တက်လာသောကြောင့် နိ

Pages