ပြည်ပကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံကုန်သည်ကြီးများ အသင်းဥက္ကဌ Kith Meng က အာဆီယံ နှစ်နိုင်ငံ ကြား ခိုင်မာသော စီးပွားရေးဆက်ဆံမှု တည်ဆောက်ရန်အတွက် ပူးပေါင်းရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြ ရန် စင်္ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို တောင်းဆိုခဲ့သည်။
ထိုင်းနိုင်ငံ၏ မေလတွင် ပြည်ပသို့တင်ပို့မှုပမာဏမှာ လွန်ခဲ့သည့်နှစ် မေလကထက် ၇.၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ၁၄ လအတွင်း အမြင့်ဆုံးဖြစ်ကာ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ တင်ပို့နိုင်မှုက ယခုလိုမြင့်တက်လာရသည့် အဓိကအကြောင်းအရင်းဖြစ်စေကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး၏ညွှန်ကြားရေးမှူးချုပ် Poonpang Naiyanapakorn က မေလတွင် ထိုင်းနိုင်ငံ၏ ပြည်ပတင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၆.၂ ဘီလီယံရှိကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာကုန်ထုတ်လုပ်မှုကဏ္ဍမှာလည်း ပြန်လည်နာလန်ထူလာကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ ရွှေ၊ ရေနံနှင့်ဆက်စပ်ပစ္စည်း၊ စစ်လက်
တရုတ်နိုင်ငံနှင့်မလေးရှားနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးနှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်ဝန်ကြီးချုပ် Li Qiang မလေးရှားနိုင်ငံသို့ အလည်အပတ်ခရီးရောက်ရှိနေစဉ်အတွင်း တရုတ်နှင့်မလေးရှားနိုင်ငံတို့သည် ၅ နှစ်သက်တမ်းရှိသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။ Li Qiang သည် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒစ်ဂျစ်တယ်စီးပွားရေးမှ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ အိမ်ရာစီမံကိန်း၊ ခရီးသွားကဏ္ဍ၊ ဆက်သွယ်ရေးနှင့် အခြားကဏ္ဍများပါဝင်သော ဒါဇင်ကျော်သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူလက်မှတ်ရေးထိ
ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူကာကွယ်ရေးနှင့် လိမ်လည်မှုတိုက်ဖျက်ရေးအထွေထွေဦးစီးဌာန (CCF)မှ ဒူးရင်းသီးရောင်းချသည့် ကုန်သည်များအနေဖြင့် စိုက်ပျိုးရေးအရင်းအမြစ်ကို လွဲမှားစွာသုံးစွဲခြင်းမပြုရန် ရိုးရိုးသားသားလုပ်ကိုင်ကြရန် ဒူးရင်းသီးရောင်းချသည့် ကုန်သည်များထံ တောင်းဆိုထားကြောင်းသိရှိရပါသည်။
တရုတ်ဝန်ကြီးချုပ် Li Quiang သည် ပိုလန်သမ္မတ Ahdrzej Duda နှင့် တနင်္လာနေ့၊ (၂၄)ရက်နေ့က ပေကျင်းတွင်တွေ့ဆုံခဲ့ပြီး ပိုလန်နှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာများ တိုးမြှင့်ရန် တရုတ်နိုင်ငံအနေဖြင့် အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံအခြေစိုက် Harman ကုမ္ပဏီသည် ၎င်းတို့၏ပထမဆုံး အရှေ့တောင်အာရှစက်ရုံတည်ဆောက်ရန်နေရာအတွက် ထိုင်းနိုင်ငံကိုရွေးချယ်ခဲ့ပြီး ကားများအတွက် အီလက်ထရောနစ်ထုတ်ကုန်များ တင်ပို့ရန်အတွက်ထုတ်လုပ်ရာ အခြေစိုက်နေရာအဖြစ် အသုံးပြုသွားမည်ဟု သိရပါသည်။ Harman ကုမ္ပဏီ စီမံအုပ်ချုပ်မှုအကြီးအကဲ Sami Krimi က ထိုင်းနိုင်ငံသည် မော်တော်ကားနှင့် ဆက်စပ်နယ်ပယ်များတွင် စိတ်ချရသော အတွေ့အကြုံရှိ သောကြောင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စွဲဆောင်နိုင်ခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံကို ဒေသတွင်း ပြည်ပသို့တင်ပို့ရာစက်ရုံအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ စီးပွားရေးအစီအစဉ်၏
Foxconn Singapore သည် ဗီယက်နမ်တွင် ပုံနှိပ် circuit board များထုတ်လုပ်ရန်အတွက် စက်ရုံတစ်ခုတွင် အမေရိကန်ဒေါ်လာ (၃၈၃)သန်းရင်းနှီးမြှုပ်နှံရန် လိုင်စင်ရရှိထား ကြောင်း နိုင်ငံပိုင်မီဒီယာက တနင်္လာနေ့တွင်ထုတ်ပြန်ခဲ့သည်။
Foxconn သည် (၂၀၀၀)ခုနှစ်များတွင် အရှေ့တောင်အာရှနိုင်ငံများသို့ စတင်ဝင်ရောက်ကတည်းကပင် ဗီယက်နမ်တွင် အမေရိကန်ဒေါ်လာ(၃.၂)ဘီလီယံကျော်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့သည်။ ၎င်း၏ကုန်ထုတ်စက်ရုံအများစုသည် ဗီယက်နမ်မြောက်ပိုင်း ပြည်နယ်များဖြစ်သော Bac Ninh နှင့် Bac Giang တို့တွင်တည်ရှိသည်။
အိန္ဒိယနိုင်ငံသည် ဇွန်လအတွက်စံချိန်တင် (၅၀၀၀၀၀)မက်ထရစ်တန်ရှိသည့် နေကြာဆီများကိုဝယ်ယူခဲ့ပြီး အဓိကထောက်ပံ့သည့် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့ကြား ယှဉ်ပြိုင်မှု ကလည်း နေကြာဆီကို ပဲပိစပ်ဆီနှင့်စားအုန်းဆီတို့ထက် ဈေးသက်သာစေကြောင်း အကောက်ခွန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ အမည်မဖော်လိုသော ထိပ်တန်းဝယ်ယူသူ တစ်ဦးက နေကြာဆီကို ပဲပိစပ်ဆီနှင့် စားအုန်းဆီတို့ထက် ဈေးနှုန်းလျော့ချကာ ကုန်သွယ်လျက်ရှိနေသည့်အတွက် အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ်များမှ ဝယ်လိုအားအလွန်မြင့်မားနေသည့် ဝယ်ယူသူများကိုဆွဲဆောင်လျက်ရှိနေကြောင်း ကြေညာခဲ့ပါသည်။
UAE နိုင်ငံအခြေစိုက်သည့် Spinneys Super Market ၏ ဆော်ဒီအာရေဗျနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သည့် ဆိုင်ခွဲဖွင့်ပွဲတွင် ဗီယက်နမ်နိုင်ငံမှတင်ပို့သည့် နဂါးမောက်သီးများကို ရောင်းချလျက်ရှိကြောင်းသိရပါသည်။
ဗီယက်နမ်နိုင်ငံသည် ယခုနှစ်တွင် ကော်ဖီတင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၃)ဘီလီယံရရှိ ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဌာနချုပ်၏ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၏ ပထမငါးလတာကာလတွင် ကော်ဖီတန်ချိန်(၈၆၂၄၀၀)တန် တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလနှင့်နှိုင်းယှဥ်ပါက ပမာဏအားဖြင့် (၃၈)ရာခိုင်နှုန်းတိုးတက် ရရှိခဲ့ကြောင်းသိရပါသည်။ စျေးနှုန်းတွင် ဗီယက်နမ်နိုင်ငံ၏ ပြည်ပသို့တင်ပို့သည့် ပျမ်းမျှကော်ဖီစျေးနှုန်းမှာ မေလတွင် တစ်တန်ကို(၄၂၇၅)အမေရိကန်ဒေါ်လာရှိပြီး ဧပြီလထက် (၁၄)ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် (၆၆)ရာခိုင်နှုန်းမြင့်တက် ခဲ
ဗီယက်နမ်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံဆက်ဆံရေးတွင် ကုန်သွယ်ရေးကဏ္ဍသည် တောက်ပစွာတည်ရှိလျက်ရှိပြီး လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုအတွင်း အထင်ကြီးစရာကြီးထွားမှုရှိခဲ့ကာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀ဘီလီယံရောက်ရှိရန် မျှော်မှန်းလျက်ရှိနေကြောင်းသိနေရပါသည်။
မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ Can Tho သည် ဩစတြေးလျနှင့် အမေရိကန်ဈေးကွက်များသို့ သရက်သီးစိမ်းများအား ပထမအသုတ်တင်ပို့ရောင်းချခဲ့ကြောင်း ကြေညာသည့် အခမ်းအနားတရပ်ကို ကျင်းပခဲ့သည်။
အခမ်းအနားကို CO DO ခရိုင်၊ ပြည်သူကော်မတီနှင့် ပို့ကုန်ကုမ္ပဏီတို့ ပူးပေါင်း၍ မြို့တော်စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။