ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Oct 2025

           ထိုင်းနိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ကမ္ဘောဒီးယားနိုင်ငံသို့ ရွှေတင်ပို့မှုမြင့်တက်နေ ခြင်းအပေါ် အသေးစိတ်လေ့လာစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းနှင့် ၎င်းဌာနမှ အရာရှိများ က ကမ္ဘောဒီးယားနိုင်ငံ၏ ငွေကြေးများသည် ယခုအခါတွင် ယုံကြည်မှုနည်းပါးလာခြင်းကြောင့် ကမ္ဘောဒီးယားပြည်သူများသည် ထိုင်းနိုင်ငံမှ ရွှေများကို လက်ဆုပ်လက်ကိုင်ပြုနိုင်ရန်အတွက် ယခင်ထက်ပိုမို

21 Oct 2025

  ထိုင်းနိုင်ငံ မော်တော်ကားထုတ်လုပ်မှုသည် သြဂုတ်လတွင် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ ပြည်ပသို့တင်ပို့မှုကျဆင်းလာခြင်းကြောင့် နှစ်လဆက်တိုက် ကျဆင်းခဲ့ကြောင်း တိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် (FTI) ၏ စက်တင်ဘာလ ၂၃ ရက်နေ့ထုတ်ပြန်သော အချက် အလက်များအရ သိရှိရပါသည်။

21 Oct 2025

  ဘင်္ဂလားဒေရှ့်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေသည် လက်ရှိ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်၏ ပထမလ ဖြစ်သည့် ဇူလိုင်လတွင် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၃.၄၂ ရာခိုင်နှုန်းမြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၁.၅၁ ဘီလီယံ အထိ‌ရောက်ရှိခဲ့ကြောင်း ဗဟိုဘဏ်၏ နောက်ဆုံးထုတ်ပြန် ချက်များအရသိရှိ ရပါသည်။

21 Oct 2025

   စင်္ကာပူနိုင်ငံ၏ အဓိကငွေကြေးဖောင်းပွမှုသည် တရားဝင်ထုတ်ပြန်သည့် အချက်လက်များ အရ သြဂုတ်လတွင် ယခင်နှစ်အလားတူကာလထက် ၀.၃ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး ဇူလိုင်လတွင် ၀.၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ လျော့ကျသွားခြင်းဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရသိရှိရပါ သည်။

21 Oct 2025

  တရုတ်နိုင်ငံရှိ 5G အခြေစိုက်စခန်းအရေအတွက်သည် သြဂုတ်လကုန်တွင် ၄.၆၅ သန်းနီးပါးအထိ ရောက်ရှိခဲ့ကြောင်း စက်တင် ဘာလ ၂၃ ရက်နေ့ထုတ်ပြန်သော တရားဝင် အချက်အလက်များ အရ သိရှိရပါသည်။

21 Oct 2025

          ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က ထုတ်လုပ်မှုနှင့် ပို့ကုန်များမြှင့်တင်ရန် အတွက် စျေးကွက်များ၊ ထုတ်ကုန်များနှင့် ထောက်ပံ့ရေးကွင်းဆက်များကွဲပြားစေရန် ဝန်ကြီးဌာနများ၊ အေဂျင်စီများနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများကို တောင်းဆိုခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက စက်တင်ဘာလ ၂၄ ရက်နေ့တွင်ဖော်ပြခဲ့ပါသည်။

21 Oct 2025

   တောင်ကိုရီးယားနိုင်ငံ၏ လက်လီရောင်းချမှုသည် အစားအသောက်၊ နေ့စဉ်သုံး ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ခိုင်မာသောအွန်လိုင်းဝယ်လိုအားကြောင့် ပြီးခဲ့သည့်လက တစ်လုံးထဲသော ဂဏန်းဖြင့် တိုးလာခဲ့ကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့ထုတ်ပြန်သော အစိုးရအချက်အလက်များ အရ သိရှိရပါသည်။

17 Oct 2025

    ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု ဆိုင်းငံ့သည့်ကာလကို သက်တမ်းတိုးမြှင့်နိုင်ခြေရှိမှု နှင့်အတူ ၎င်းဈေးကွက်သို့ ဆန်တင်ပို့နိုင်မည့်အခြေအနေမှာ မသေချာမရေရာဖြစ်ပေါ်နေချိန်တွင် လာမည့်နှစ် အစောပိုင်း၌ ဆောင်းအကုန်-နွေအကူး စပါးရိတ်သိမ်းချိန်ရာသီသို့ ရောက်ရှိလာမည် ဖြစ်ရာ ဗီယက်နမ်၏ ဆန်တင်ပို့မှုလုပ်ငန်းအပေါ် သိသာထင်ရှားသည့် ဖိအားများ သက်ရောက်ဖွယ် ရှိကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA) ၏ ပြောကြားချက်အရ သိရသည်။

17 Oct 2025

   ဖိလစ်ပိုင်မှ ဆန်တင်သွင်းမှု ယာယီရပ်ဆိုင်းခဲ့ပြီးနောက် ဂါနာနိုင်ငံသည် စက်တင်ဘာလ

တွင် ဗီယက်နမ်၏ ဆန်အများဆုံးဝယ်ယူသူဖြစ်လာပြီး စုစုပေါင်းတင်ပို့မှု၏ ၂၂ ရာခိုင်နှုန်းနီးပါး ရှိလာသည်။       

17 Oct 2025

       ဖိလစ်ပိုင်အစိုးရအနေဖြင့် ပြည်တွင်းသကြားဈေးကွက် တည်ငြိမ်မှုရှိစေရေးအတွက် ပြည်ပ မှ ဝယ်ယူတင်သွင်းမှုများအားလုံးကို လက်ရှိ ကြံကြိတ်ဝါးထုတ်လုပ်သည့် ရာသီကာလကုန်ဆုံးမည့် ၂၀၂၆ ခုနှစ် နှစ်လယ်ကာလတိုင်အောင် ယာယီဆိုင်းငံ့ထားရှိမည်ဟု စိုက်ပျိုးရေးဦးစီးဌာနက အောက်တိုဘာ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း Philstar.com သတင်းဝက်ဘ်ဆိုက် က ဖော်ပြပါသည်။

17 Oct 2025

    ဆန်ရောင်းလိုအား ပိုလျှံမှုနှင့် ဈေးနှုန်းများကျဆင်းမှု ဖြစ်ပေါ်နေချိန်၌  ဒေသခံတောင်သူ များအား ဆုံးရှုံးမှုများမှ ကာကွယ်ပေးရန်နှင့် ပြည်တွင်း စပါးဈေးနှုန်းများကို အနည်းငယ်မြှင့်တင် နိုင်ရန်အတွက် မူလက စီစဉ်ထားသည့် ၂ လကြာ ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို ၂၀၂၅ ခုနှစ် ကုန်ဆုံးချိန်အထိ တိုးမြှင့်ရန် ဖိလစ်ပိုင်အစိုးရက ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းသိရှိရပါသည်။

17 Oct 2025

     မလေးရှားနိုင်ငံ၌ စားအုန်းဆီကြမ်းထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် တန် ချိန် ၁.၈၄ သန်းရှိပြီး ယခင်လထုတ်လုပ်မှုအောက် ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု မလေးရှား စားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ ကနဦး အချက်အလက်များအရ သိရကြောင်း အိန္ဒိယအခြေစိုက် Informist Media သတင်းဌာနက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဖော်ပြပါသည်။

Pages