ပြည်ပကုန်သွယ်မှုသတင်းများ
ထိုင်းလယ်သမားများ၏ စပါးဈေးနှုန်း အာမခံချက်ပေးရန် သို့မဟုတ် ထောက်ပံ့ကြေးနှင့် နစ်နာမှု လျော်ကြေးငွေများ ပေးအပ်ရန် တောင်းဆိုမှုသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့၌ ချမှတ်ခဲ့သော ထိုင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်လျက်ရှိသဖြင့် ဆန်စပါးမူဝါဒ ဆပ်ကော်မတီသည် ၎င်းတို့၏ အရေးဆိုမှုကို ပယ်ချလိုက်သည်ဟု ထိုင်းပြည်တွင်းကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Wittayakorn Maneenet က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၌ စပါးတစ်တန်လျှင် အနည်းဆုံး ထိုင်းဘတ် ၁၀၀၀၀ မှ ၁၂၀၀၀ အထိဈေးနှုန်း အာမခံချက်ပေးရန် ထိုင်းစိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်းက ဖေဖော်ဝါရီ ၂၁ ရက်၊ သောကြာနေ့ တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်လျက် အစိုးရထံသို့ တောင်းဆိုခဲ့ပါသည်။
အဆိုပါအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Pramote Charoensilp က အမျိုးသားဆန်စပါး မူဝါဒနှင့် စီမံခန့်ခွဲရေးကော်မတီ လက်အောက်ရှိ ဆပ်ကော်မတီအနေဖြင့် စပါးဈေးနှုန်းကျဆင်းမှုနှင့် ပတ် သက်ပြီး ကိုင်တွယ်ဖြေရှင်းနေသည့် အစီအမံများအား ပြန်လည်သုံးသပ်သင့်ကြောင်း တိုက်တွန်း ခဲ့သည်။
တရုတ်နိုင်ငံမှ သကာရည် တင်သွင်းခွင့်ကို တားမြစ်ထားမှုကြောင့် ထိုင်းကုမ္ပဏီများ အနေ ဖြင့် ယခင်ခန့်မှန်းထားသည်ထက် နှစ်ဆပိုများသည့် ဘတ်ငွေ သန်းနှစ်ထောင်ခန့် ဆုံးရှုံးနေရကာ လာမည့်လမှစ၍ လုပ်ငန်းများ ပိတ်သိမ်းရတော့မည်ဖြစ်ပြီး အဆိုပါတားမြစ်မှုကို ရုတ်သိမ်းရန် အတွက် ထိုင်းအရာရှိများဘက်မှ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့်အကျိုး သက်ရောက်မှုမျှ မရှိခဲ့ကြောင်း ထိုင်းသကာရည်နှင့် သကြားလုပ်ငန်းနယ်ပယ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
မလေးရှားစားအုန်းဆီကြမ်း၏ စံပြုဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အိန္ဒိယနိုင်ငံရှိ စားသုံးဆီ ပြန်လည်ပြုပြင်သန့်စင်ရေးလုပ်ငန်းရှင်များသည် ၂၀၂၅ ခုနှစ်၊ မတ်လ မှ ဇွန်လအတွင်း သင်္ဘောတင်ပို့ဆောင်ရန် စီစဉ်ထားရှိသည့် စားအုန်းဆီကြမ်း တန်ချိန် ၇၀၀၀၀ အတွက် ကုန် အဝယ် အမှာစာများကို ပယ်ဖျက်ခဲ့သည်ဟု ကုန်သွယ်ရေးအရင်းအမြစ်လေးခု၏ ပြောကြားချက် အရ သိရှိရကြောင်း Free Malaysia Today သတင်းဌာနက ၂၀-၂-၂၀၂၅ ရက်နေ့တွင် ဖော်ပြ ထားသည်။
နိုင်ဂျီးရီးယားနိုင်ငံ၌ ဗဟိုအစိုးရ၏ ထောက်ပံ့မှုနှင့် ဈေးကွက်ဝင်ရောက်ထိန်းကျောင်းမှုများ ရှိနေသော်လည်း ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းမှုအရ ပြည်တွင်း၌ တန်ဖိုးအားဖြင့် နိုင်ရာငွေ ၁.၄၃ ထရီလီယံ (ဒေါ်လာ ၉၅၇.၅၄ သန်း) ခန့်ရှိသော ဆန်တန်ချိန် ၂.၁၈ သန်းခန့်အထိ ပြတ်လပ်မည့် စိုးရိမ်ဖွယ်အခြေအနေရှိသည်ဟု New Telegraph နိုင်ဂျီးရီးယား သတင်းဝက်ဘ် ဆိုက်က ဖော်ပြပါသည်။
မြန်မာနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ပထမ ၁၀ လပတ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆၅၆.၁၅ သန်းကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DDCA) က ဖေဖော်ဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်သည့် စာရင်းများအရသိရသည်။
၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅၂ ခုကို အတည်ပြုခဲ့ကြောင်း DDCA ၏ အချက်အလက်များအရသိရသည်။

နယူးယောက်တွင်နိုင်ငံ၏ အကြီးဆုံးအီလက်ထရွန်နစ်စီးကရက် ဖြန့်ဖြူးရောင်းချသူ အချို့အား ကလေးများအတွက် ဆွဲဆောင်မှုရှိသော Vaping အရသာနှင့် ဒီဇိုင်းများ ရောင်းချခြင်းအားတားမြစ် သည့်နိုင်ငံတော်ဥပဒေကိုချိုးဖောက်သည်ဟု စွပ်စွဲကာ ကုမ္ပဏီများကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က တရားစွဲဆိုခဲ့သည်။ Puff Bar နှင့် Elf Bar ကဲ့သို့သော အသီးအနှံများနှင့် သကြားလုံးအရသာ အီး-စီးကရက်များကို ပြည်နယ်အနှံ့ရှိဓာတ်ဆီဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ဖြန့်ချီလျှက်ရှိသော ကြားဖြန့်ဝေသူများအား ပစ်မှတ်ထားသည့် တရားစွဲဆိုမှုကို ရှေ့နေချုပ် Letitia James က ကြေညာခဲ့ သည်။ Juul Labs ကဲ့သို့သော Vaping ထုတ်လုပ်သူ

ဥရောပကော်မရှင်သည် ဒရက်စဒင်တွင် Infineon တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့် စက်ရုံအသစ်တည်ဆောက်ရန်အတွက် ဂျာမနီနိုင်ငံအကူအညီ ယူရိုသန်း ၉၂၀ (အမေရိကန်ဒေါ်လာ ၉၆၆ သန်း) ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ကုန်ထုတ် စက်ရုံအသစ်သည် ဥရောပ သမဂ္ဂ (EU) သို့ လိုက်လျောညီထွေရှိသော ထုတ်လုပ်မှုစွမ်းရည်ကို ယူဆောင်လာမည်ဖြစ်ပြီး၊ ထို့ကြောင့် တစ်ပိုင်းလျှပ်ကူးနည်းပညာများတွင် ဥရောပ၏ ထောက်ပံ့မှု၊ ခံနိုင်ရည်နှင့် နည်းပညာဆိုင် ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို ခိုင်မာစေကြောင်း ကော်မရှင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Turkiye-ကာတာ ပူးတွဲစီးပွားရေးနှင့် ဘဏ္ဍာရေးကော်မတီ အစည်းအဝေးကို နှစ်နိုင်ငံကြား စီးပွားရေး ဆက်ဆံမှု အားကောင်းစေရန် ရည်ရွယ်၍ ကြာသပတေးနေ့တွင် အစ္စတန်ဘူလ်၌ ကျင်းပခဲ့သည်။ဘဏ္ဍာရေးဝန်ကြီး Mehmet Simsek နှင့် ကာတာနိုင်ငံခြားရေးဝန်ကြီး Ali bin Ahmed Al Kuwari, ပူးတွဲသဘာပတိအဖြစ် ကျင်းပသောတစ်ရက်တာ အစည်းအဝေးတွင် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်များ တိုးချဲ့ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ၎င်း၏ လူမှုမီဒီယာအကောင့်တွင် တင်ထားသည့် ကြေညာချက်တွင်၊ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရ

အင်ဒိုနီးရှားအစိုးရသည် ဝင်ငွေနည်းပြည်သူများအတွက် အိမ်ခြေ ၃ သန်း ဆောက်လုပ်ရန် စီစဉ်နေပြီး စီမံကိန်းအတွက် ပုဂ္ဂလိကကဏ္ဍနှင့် မိတ်ဖက်များ ဖွင့်လှစ်ဆောင်ရွက်ရန် ဂျကာတာ၌ ဖေဖော်ဝါရီ ၂၀ ရက်နေ့က စီစဉ်ခဲ့သည်။ နိုင်ငံ၏ဘဏ္ဍာရေးဝန်ကြီး Sri Mulyani Indrawati ကဆောက်လုပ်ရေးလုပ်ငန်းအတွက် အဓိကအားဖြင့် ဘဏ္ဍာရေးထောက်ပံ့ရန် နိုင်ငံတော်လုံခြုံရေးကို ထုတ်ပေးမည်ဖြစ်ကြောင်း ကြာသပတေးနေ့ တွင် ပြောကြားခဲ့သည်။ တန်ဖိုးနည်းအိမ်ရာများအား ဆောက်လုပ်ခြင်းအားဖြင့် အောက်ခြေ လူတန်းစားများအတွက် ပံ့ပိုးကူညီပေးရာရောက်ပြီး ထိုအစီ အစဉ်သည် ပြည်သူများ၏အိမ်ဝယ်ယူနိုင်မှုနှုန်းကိုလည်း မြှင့်တင်ပေးနိုင်ရန် မျှော်မှန်း

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် ရေစီမံခန့်ခွဲမှု ခေတ်မီစေရန်၊ ရေဖူလုံမှု မြှင့်တင်ရန်နှင့် ဥဇဘက်ကစ္စတန်တွင် ဘေးကင်းစိတ်ချရသော ရေရရှိရေး တိုးမြှင့်ရန်အတွက် အမေရိကန် ဒေါ်လာ ၁၂၅ သန်း ချေးငွေကို အတည်ပြုလိုက်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ သည်။
ရာသီဥတု ထက်မြက်သော ရေစီမံခန့်ခွဲမှု မြှင့်တင်ရေး စီမံကိန်းသည် နိုင်ငံ၏အမျိုးသား ရေအသုံးချမှုစွမ်းရည်ကို အားကောင်းစေပြီး ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှု၊ ပေးဝေမှုရေရှည် တည်တံ့ရေးတို့ကို တိုးတက်စေမည်ဟု ADB က ပြောကြားခဲ့သည်။

Alibaba Group သည် လာမည့်သုံးနှစ်အတွင်း cloud နှင့် AI ဟာ့ဒ်ဝဲအခြေခံအဆောက် အအုံ တည်ဆောက်ရေးတွင် ယွမ်ငွေ ၃၈၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံခန့်)ကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ကြေညာခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း Alibaba ၏ စုစုပေါင်း cloud နှင့် AI အသုံး စရိတ်ထက်ကျော်လွန် နေသည်။ ထို့အပြင်၎င်းသည် cloud နှင့် AI ဟာ့ဒ်ဝဲအခြေခံ အဆောက်အအုံတည်ဆောက်မှုတွင် ပုဂ္ဂလိကပိုင်တရုတ်ကုမ္ပဏီတစ်ခုမှ ပြုလုပ်ဖူးသည့် အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ ဖေဖော်ဝါရီ ၁၇ ရက်က တရုတ်နိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင်များ တက်ရောက်ခဲ့သည့်
