ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
09 Jul 2024

      အင်ဒိုနီးရှားနိုင်ငံရင်းနှီးမြှုပ်နှံမှုအာဏာပိုင်အဖွဲ့(INA)နှင့် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးတို့ နှစ်ဦးနှစ်ဖက်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး နားလည်မှုသဝဏ်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ MOU ကို INA ဒါရိုက်တာများဘုတ်အဖွဲ့၏ဥက္ကဋ္ဌ Ridha Wirakusumah နှင့် ဩစတြေးလျသံအမတ်ကြီး Penny Williams တို့က ၂၀၂၄ခုနှစ်၊ ဇွန်လ ၂၈ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း INA က ထုတ်ပြန်ချက်အရသိရပါသည်။ Wirakusumah က MOU သည် အင်ဒိုနီးရှားတွင် ဩစတြေးလျ၏ ရင်းနှီးမြှုပ်နှံမှုများကိုအရှိန်မြှင့်တင်ရန် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်းနှင့် ယခုပူးပေါင်း

09 Jul 2024

      ယခုနှစ်၏ ပထမ(၆)လတာကာလတွင် ဗီယက်နမ်နှင့်တရုတ်အကြား အပြန်အလှန်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၀ဘီလီယံနီးပါးထိရောက်ရှိခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအဆိုအရ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးခက်ခဲမှုများနှင့် ပထဝီနိုင်ငံရေးပဋိပက္ခများရှိနေဆဲဖြစ်သော်လည်း နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်ရေးသည် အထင်ကြီးစရာ ပြန်လည်နာလန်ထူလာကြောင်းသိရပါသည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ကမ္ဘာပေါ်တွင် အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်၊ အကြီးဆုံးတင်သွင်းရာဈေးကွက်နှင့် ဒုတိယအကြီးဆုံး တင်ပို့ရာဈေးကွက်ဖြစ်ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံအထွေထွေစာရင်းအင်းရုံး၏ နောက်

09 Jul 2024

      ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းကားဈေးကွက်သည် ပြည်တွင်း၌ထုတ်လုပ်သည့်ကားများနှင့် တပ်ဆင်သည့်ကားများအတွက် မှတ်ပုံတင်ကြေးကို တစ်ဝက်ဖြတ်တောက်ပေးရန် အဆိုပြုခွင့်ပြုချက်ရပါက ၂၀၂၄ခုနှစ် နောက်ဆုံးလများတွင် ပြန်လည်နာလန်ထူလာရန် မျှော်လင့်ရကြောင်းသိရှိရပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာအေဂျင်စီများကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၁ရက်နေ့မှ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့အထိ သက်ရောက်မှုရှိမည်ဟုယူဆရသည့် မှတ်ပုံတင်ကြေးများ ဆက်လက်လျှော့ချမည့်အပေါ် ၎င်းတို့၏တုံ့ပြန်ချက်များကိုစုစည်းတင်ပြရန် ညွှန်ကြားထားကြောင်းသိရပါသည်။

09 Jul 2024

       ဗီယက်နမ်နိုင်ငံစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဒုတိယဝန်ကြီး Phung Due Tien က ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ လယ်ယာ-သစ်တော-‌ရေထွက်ကုန်တင်ပို့မှုသည် ရည်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ (၅၅-၅၆) ဘီလီယံကိုရောက်ရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ် ပထမနှစ်ဝက်တာကာလ၏ တင်ပို့မှုရလဒ်များသည် ရည်မှန်းချက်ပြည့်မီရန်အတွက် အခြေခံအုတ်မြစ်ကို ဖန်တီးနိုင်ခဲ့ကြောင်းသိရပါသည်။

09 Jul 2024

    ၂၀၂၅ခုနှစ်၏ ပထမ(၅)လတွင် ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံကိုကျော်ဖြတ်ကာ အမေရိကန်နိုင်ငံသို့ အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့သည့် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံက အမျိုးသားအထည်အလိပ်နှင့် အဝတ်အထည်အုပ်စု (Vinatex)၏အဆိုအရ ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီလမှ မေလအတွင်း အမေရိကန်ဒေါ်လာ ၁၆ဘီလီယံတန်ဖိုးရှိသည့် အထည်အလိပ်နှင့်အဝတ်အထည်များတင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၅ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ အဆိုပါ စုစုပေါင်းပမာဏထဲမှ အမေရိကန်တစ်နိုင်ငံတည်းသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၆ဘီလီယံတန်ဖိုးရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက်

09 Jul 2024

      ၂၀၂၄ ခုနှစ်၊ ပထမ(၅)လတာကာလတွင် ထိုင်းနိုင်ငံသည် ဘတ် ၉၄.၆ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၆ဘီလီယံ) တန်ဖိုးရှိသည့် ဆန်တန်ချိန် ၄.၀၆သန်းတင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၁၆.၅ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်း(TREA) ဥက္ကဋ္ဌ Charoen Laothamatas က ပြောကြားခဲ့ပါသည်။ သို့သော် မေလတွင် ဆန်ဖြူနှင့်ပေါင်းဆန်မှာယူမှုလျော့ကျခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုမှာ ၆၅၉၅၆၆တန်ဖြင့် ၂၉.၃ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံ၏ အဓိကဆန်ဖြူတင်ပို့သည့် ဈေးကွက်များမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အီရတ်၊ ဂျပန်၊ အန်ဂိုလာ၊ မလေးရှား၊ ကင်မရ

09 Jul 2024

      ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တာကာလတွင် ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၆.၄၂ရာခိုင်နှုန်းကြီးထွားလာပြီး ၂၀၂၂ခုနှစ် တူညီသည့်ကာလ၏ ၆.၅၈ရာခိုင်နှုန်းထက် အနည်းငယ်သာနိမ့်ကြောင်း အထွေထွေစာရင်းအင်းရုံး(GSO)က ဟနွိုင်းတွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။ လယ်ယာသစ်တော-ငါးလုပ်ငန်းနယ်ပယ်၊ စက်မှုလုပ်ငန်း-ဆောက်လုပ်‌‌ရေးနှင့်ဝန်ဆောင်မှုနယ်ပယ်တို့သည် ၃.၃၈ရာခိုင်နှုန်း၊ ၇.၅၁ရာခိုင်နှုန်းနှင့် ၆.၆၄ရာခိုင်နှုန်း အသီးသီးကြီးထွားလာကြောင်းသိရပါသည်။ ဝန်ဆောင်မှုကဏ္ဍ၊ တင်ပို့မှုမြင့်တက်လာမှု၊ စားသုံးသူဝယ်လိုအား၊ ကမ္ဘာလုံးဆိုင်ရာပြန်လည်နာလန်ထူလာမှုတို့သည

09 Jul 2024

       ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Pham Minh Chinh သည် တောင်ကိုရီးယားနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ်အတွင်း တောင်ကိုရီးယားနိုင်ငံမှ စီးပွားရေးအုပ်စုများမှ ခေါင်းဆောင်များနှင့် ဇူလိုင်လ ၁ရက်နေ့က သီးခြားအစည်းအဝေးများပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံတွင် ၂၀၀၇ခုနှစ်ကတည်းက အမေရိကန်ဒေါ်လာ ၅.၁ဘီလီယံနီးပါးရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည့် Hyosung Group ၏ ဥက္ကဋ္ဌ Cho Hyun-joon နှင့်တွေ့ဆုံမှုတွင် ဝန်ကြီးချုပ်က စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ကုန်သွယ်ရေး၊ သတင်းအချက်အလက်နည်းပညာ၊ ဇီဝနည်းပညာနှင့် အခြားနယ်ပယ်များတွင် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေးတွ

09 Jul 2024

       ထိုင်းနိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမ(၅)လတွင် စည်သွပ်ထားသော တူနာငါး အမေရိကန်ဒေါ်လာ ၉၇၉သန်းတန်ဖိုးတင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၃.၄ရာခိုင်နှုန်းမြင့်တက်လာကြောင်း ထိုင်းနိုင်ငံကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး (TPSO)၏ ညွှန်ကြားရေးမှူးချူပ် Poonpong Naiyanapakorn  က ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည် ၂၀၂၄ခုနှစ်တွင် စည်သွပ်ထားသော တူနာတန်ချိန် ၂၂၁၀၉၂တန်တင်ပို့ခဲ့ကြောင်းသိရပါသည်။ စည်သွပ်ထားသော တူနာငါးကို တိရစ္ဆာန်အစားအစာထုတ်လုပ်ရာတွင် ကုန်ကြမ်းပစ္စည်းအဖြစ် အသုံးပြုခြင်းဖြစ်ကြောင်းသိရပါသည်။ ၂၀၂၄၏ ပထမ(၅)လတွင် ထိုင်းနိုင်ငံ၏ တိရစ္ဆာန်အစားအစာတင်ပို့မှုမှာ အမေရိက

09 Jul 2024

      အင်ဒိုနီးရှားနိုင်ငံသည် ကော်ဖီစေ့ ၁၉၀တန်ကို North Sumatra ရှိ Deli Serdang စီရင်စုမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်းသိရပါသည်။ အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan က အမေရိကန်ဒေါ်လာ ၁.၅သန်းတန်ဖိုးရှိသည့် ကော်ဖီစေ့ကွန်တိန်နာ (၁၀)လုံးအားတင်ပို့ရန် အခွင့်အရေးရရှိခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်းပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကော်ဖီတင်ပို့မှုပမာဏကို ဆက်လက်အရှိန်မြှင့်တင်ရန်လိုအပ်နေပြီး ကော်ဖီကို နိုင်ငံ၏အထင်ကရပို့ကုန်ပစ္စည်းဖြစ်လာရန် စဉ်းစားယူဆလျက်ရှိကြောင်းသိရပါသည်။ အင်ဒိုနီးရှားအစိုးရသည် လတ်တလောတွင် ဥရောပသမဂ္ဂ သစ်တောပြုန်းတီးမှုစည်းမျဉ်းက

09 Jul 2024

     တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံထံမှ ဒူးရင်းသီးတင်သွင်းသည့် အရင်းအမြစ် ၃၃ခုကို ယခုလတွင် ပိတ်ပင်လိုက်ကြောင်းသိရပါသည်။ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးမှူးက အသီးများတွင် သတ္တုဓာတ်များပါဝင်မှုအလွန်များပြားနေမှုကြောင့် ဒူးရင်းစိုက်ခင်း ၁၈ခုနှင့် ထုပ်ပိုးသည့်ကုမ္ပဏီ ၁၅ခုအနေဖြင့် တင်သွင်းမှုကို ရပ်တန့်တော့မည်ဟု ဗီယက်နမ်တွင် တရားဝင်စာထုတ်ပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့ပြင် တရုတ်နိုင်ငံသည် စိုက်ခင်း ၃၃ခုနှင့် ထုပ်ပိုးသည့်ကုမ္ပဏီ ၄၀တို့ကို တင်သွင်းရန်မသင့်လျော်ဟု ယူဆလျက်ရှိကြောင်းသိရပါသည်။ တရုတ်နိုင်ငံအကောက်ခွန်က ပြည်တွင်းဥပဒေများ၊ နှစ်ဦးနှစ်ဖက်သဘောတူညီချက်နှင့် ဒူးရင်းသီးကုန်သ

09 Jul 2024

       ယခုနှစ်၏ ပထမနှစ်ဝက်ကာလတွင် ဗီယက်နမ်နိုင်ငံ၏ ပြည်ပတင်ပို့မှုတန်ဖိုးခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၁၈၈.၉၇ဘီလီယံရှိပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၃.၈ရာခိုင်နှုန်းတိုးတက်လာကြောင်း စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန (MoIT)လက်အောက်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဦးစီးဌာန၏ အစီရင်ခံစာအရသိရပါသည်။ ဌာန၏ညွှန်ကြားရေးမှူး Bui Duy Son က နိုင်ငံများစွာ၏ ကုန်ပစ္စည်းများတင်သွင်းမှု တစ်ဖန်ပြန်လည်မြင့်တက်လာခြင်းနှင့်အတူ ကမ္ဘာလုံးဆိုင်ရာစီးပွား‌ရေးအပေါင်းလက္ခဏာဆောင်သည့် လမ်းကြောင်းရောက်ရှိနေခြင်းသည် ၂၀၂၄ခုနှစ်တွင် ဗီယက်နမ်တင်ပို့မှုအတွက် ကောင်းမွန်သည့် လက္ခဏာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ၎င်

Pages