
ဗီယက်နမ်၏ ဆန်တင်ပို့မှုသည် ဖိလစ်ပိုင်သို့ တင်ပို့မှု သိသိသာသာလျော့ကျသွားသောကြောင့် ၂၀၂၅ ခုနှစ်တွင် ၁၁.၅ ရာခိုင်နှုန်း ကျဆင်းကာ မက်ထရစ်တန် ၈ သန်းခန့်အထိ ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း အဆိုပါနိုင်ငံ၏ စားသောက်ကုန်အသင်း ဥက္ကဌက ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် အိန္ဒိယနှင့် ထိုင်းနိုင်ငံပြီးနောက် ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့သည့် နိုင်ငံဖြစ်ပြီး အဓိက ဈေးကွက်များမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် အာဖရိက တို့ဖြစ်သည်။ ဒေသခံပြည်သူများကို ကာကွယ်ရန် မနီလာက စက်တင်ဘာလတွင် ဆန်တင်သွင်းခွင့် ပိတ်ပင်လိုက်ပြီးနောက် အကြီးဆုံးဈေးကွက်ဖြစ်သည့် ဖိလစ်ပိုင်သို့ တင်ပို့မှုရပ်တန့်သွားခဲ့သည်။ အဆိုပါ ပိတ်ပင်မှု သည် ၂၀၂၅ ခုနှစ် နှစ်ကုန်အထိ ကြာမြင့်မည်ဖြစ်သည်။
ဗီယက်နမ်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့မှုသည် ဗီယက်နမ် အကောက်ခွန်အချက်အလက်များအရ ၂၀၂၅ ခုနှစ် ပထမ ၁၀ လတာ ကာလအတွင်း ၂၀၂၄ ခုနှစ် အလားတူကာလမှ ၁၈.၅ ရာခိုင်နှုန်း ကျဆင်းကာ တန်ချိန် ၂.၉၆ သန်းအထိ ရောက်ရှိခဲ့သည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်စပါး အရင်းအမြစ်ဖြစ်သော မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကြောင့် တောင်သူများသည် ပုဇွန်မွေးမြူရေးနှင့် အခြားသီးနှံများသို့ ပြောင်းလဲစိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။
Source : Bangkok post
DOCA (ရန်ကုန်)
