ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Oct 2025

     မလေးရှားနိုင်ငံ၌ စားအုန်းဆီကြမ်းထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် တန် ချိန် ၁.၈၄ သန်းရှိပြီး ယခင်လထုတ်လုပ်မှုအောက် ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု မလေးရှား စားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ ကနဦး အချက်အလက်များအရ သိရကြောင်း အိန္ဒိယအခြေစိုက် Informist Media သတင်းဌာနက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဖော်ပြပါသည်။

17 Oct 2025

       ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ကြိတ်ခွဲပြီးဆန် ၅၉၆၃၄၁ တန် ခန့် တင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူအတွင်း တင်ပို့ခဲ့သော ကြိတ်ခွဲပြီးဆန် ၄၄၅၉၁၃ တန်နှင့် နှိုင်း ယှဉ်ပါက ၃၃.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၁၀-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ဝေခဲ့သော ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) ၏ အစီရင်ခံစာအရ သိရသည်။

17 Oct 2025

     အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုမှာ လက်ရှိကာလ၌ တန်ချိန် ၂၅ သန်းခန့်ရှိရာမှ ၂၀၃၀-၃၁ သီးနှံရာသီနှစ် (ဇူလိုင်-ဇွန်) အရောက်တွင် ၄၀ ရာခိုင်နှုန်း တိုးတက်လျက် တန်ချိန် ၃၅ သန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အစိုးရက ရည်မှန်းချက် ချမှတ်ထားသည်။ အောက်တိုဘာ ၉ ရက်နေ့၌ နယူး‌ဒေလီမြို့တွင် ကျင်းပခဲ့သော အစိုးရ သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ စိုက်ပျိုးရေး ဝန်ကြီး Shivraj Singh Chouhan က ရှေ့လာမည့် ၆ နှစ်တာ ကာလအတွင်း စိုက်ပျိုးဧရိယာနှင့် အထွက်နှုန်း မြှင့်တင်ခြင်းဖြင့် ပဲမျိုးစုံ ထုတ်လုပ်မှုကို တိုးမြှင

17 Oct 2025

      ဗီယက်နမ်သည် ဥရောပမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အရှိန်အဟုန်ဖြင့် တိုးလာလျက်ရှိပြီး နိုင်ငံအား မဟာဗျူဟာကျသော နေရာတစ်ခုအဖြစ် ရှုမြင်သည့် စီးပွားရေး လုပ်ငန်းများ တိုးလာကာ အထူးသဖြင့် သန့်ရှင်းသော စွမ်းအင်၊ နည်းပညာမြင့်၊ ဆီမီးကွန်ဒတ် တာများနှင့် အခြေခံအဆောက်အအုံများ စသည်တို့ဖြစ်သည်။

17 Oct 2025

      ဗီယက်နမ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် အမေရိကန်သို့ သွားရောက်ရန် စီစဉ်ထားပြီး အပြန်အလှန် ကုန်သွယ်မှု သဘောတူညီချက်ကို အပြီးသတ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း စက်မှုနှင့် ကုန်သွယ်မှု ဒုဝန်ကြီး Nguyen Sinh Nhat Tan က အောက်တိုဘာ ၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

17 Oct 2025

      နယူးဇီလန်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်ဇွန်လ သုံးလပတ်တွင် ၀.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယခင်သုံးလပတ်က ၀.၉ တိုးတက်မှုကိုပြောင်းပြန်လှန်ခဲ့ကြောင်း စာရင်းအင်းဌာနက စက်တင်ဘာလ ၁၈ ရက်နေ့ကပြောကြားခဲ့ပါသည်။

17 Oct 2025

      စင်္ကာပူနိုင်ငံ၏ United Oversea Bank (UOB) သည် ဗီယက်နမ်၏ ပြည်တွင်းအသားတင် ထုတ်ကုန်(GDP) တိုးတက်မှုခန့်မှန်းချက်ကို ယခင် ၆.၉ ရာခိုင်နှုန်းမှ ၇.၅ ရာခိုင်နှုန်းအထိ တိုးမြင့်ခဲ့ ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက စက်တင်ဘာလ ၁၈ ရက်နေ့က ဖော်ပြခဲ့ပါသည်။

17 Oct 2025

      တရုတ်နိုင်ငံတွင် EV ကားများအားသွင်းအခြေခံအဆောက်အအုံများကို ဆက်လက်တိုးချဲ့ တည်ဆောက်နေပြီး စုစုပေါင်းအဆောင်အအုံအရေအတွက်သည် သြဂုတ်လကုန်တွင် ၁၇.၃၅ သန်းခန့် တည်ဆောက်ပြီးဖြစ်ပါသည်။ ယခက်နှစ်ကထက် ၅၃.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စက်တင် ဘာလ ၁၈ ရက်နေ့ ထုတ်ပြန်သော တရားဝင်အချက်အလက်များအရသိရပ

17 Oct 2025

       သြစတြေးလျနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် အချိန်ပြည့်အလုပ်အကိုင်များ လျော့ကျ သွား သော်လည်းသြဂုတ်လတွင် ၄.၂ ရာခိုင်နှုန်း ၌တည်ငြိမ်လျက်ရှိပါသည်။ သြစတြေးလျ

17 Oct 2025

      တရုတ်နိုင်ငံ၏ အမြန်ချောပို့လုပ်ငန်းသည် ၂၀၂၅ ခုနှစ်ပထမ ၈ လအတွင်း ပါဆယ် ၁၂၈.၂ ဘီလီယံကို ဝန်ဆောင်မှုပေးခဲ့ပြီး ၎င်းသည် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၇.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သော တရားဝင်အချက် အလက်များအရသိရပါသည်။

17 Oct 2025

     ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးများကောင်စီရုံးတာဝန်ခံ၀န်ကြီး Vongsey Vissoth သည် တရုတ်နိုင်ငံ၊ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Wei Tao နှင့် ၁၇-၉-၂၀၂၅ ရက်နွေ့တွင် တွေ့ဆုံခဲ့ပြီး ကမ္ဘောဒီးယားမှ တင်သွင်းကုန်များ အထူးသဖြင့် စိုက်ပျိုးရေး ထွက်ကုန်များကို တိုးမြှင့်ပေးရန် တရုတ်အရာရှိများအား တောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံ၊ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Nanning မြို့တွင် (၂၂)ကြ

17 Oct 2025

      ကမ္ဘောဒီးယားနိုင်ငံ၊ သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီး Keo Rottanak သည် ဖနွမ်းပင်မြို့ရှိ ဝန်ကြီးဌာနရုံးချုပ်တွင် ADB ၏ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဒါရိုက်တာ Jyotsana Varma အား လက်ခံတွေ့ဆုံခဲ့ပြီး အာဆီယံဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Asian Development Bank-ADB) သည် နိုင်ငံတော်၏ စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ဆက်လက် ပံ့ပိုးပေးမည် ဖြစ်ကြောင်း သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာန (MME) က ၁၇-၉-၂၀၂၅ ရက်နေ့တွင် ထု

Pages