ဖျာပုံမြို့နယ်ရှိ ကျားပိုက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်မြို့နယ်တာဝန်ခံတို့သည် (၂၄-၅-၂၀၂၃) ရက်နေ့၊  နံနက် (၁၀:၀၀) နာရီအချိန်တွင်    ဖျာပုံမြို့နယ်ကျားပိုက်လုပ်ငန်းရှင်(၂၅)ဦးအား  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို   ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရေးအတွက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့်     ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များကို ဟောပြောပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံက စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိသည့် အရည်အသွေးမီသောစားသောက်ကုန်များကို သုံးစွဲနိုင်ရေးအတွက် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် သတ်မှတ်ချက်များပါရှိသောကုန်စည်နှင့်အစားအသောက်များ၊ တားမြစ်ဓာတုဆိုးဆေးနှင့်တာရှည်ခံဆေး၊ ပိုးသတ်ဆေးအန္တရာယ်အကြောင်းများ၊ ဌာနအနေဖြင့် စားသုံးသူများအသုံးပြုသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)