စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူအသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များသည် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်နိုင်စေရန်တို့အတွက် တိုင်း/ခရိုင်/မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ‌မေလအတွင်း တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနတွင်လည်းကောင်း၊ မုံရွာမြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနတွင်လည်းကောင်း၊ ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကလေးဝမြို့နယ်တာဝန်ခံက ကလေးဝမြို့၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင်လည်းကောင်း၊ ဟုမ္မလင်းမြို့နယ်တာဝန်ခံက ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်ရှိ ရပ်ကွက်နေသူများအားလည်းကောင်း၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးက ကန့်ဘလူမြို့၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာနတွင်လည်းကောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “MO” သောက်ရေသန့်စက်ရုံမှ စက်ရုံအလုပ်သမားများအားလည်းကောင်း၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတွင်လည်းကောင်း၊ စစ်ကိုင်းမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတွင်လည်းကောင်း၊ မုံရွာမြို့နယ်တာဝန်ခံရုံးမှ မုံရွာမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူသုံးကုန်ထုတ်လုပ်မှုသင်တန်းတွင် သင်တန်းသားများအားလည်းကောင်း၊ “Talk Show” အစီအစဉ်ပြုလုပ်၍လည်းကောင်း၊ မုံရွာမြို့၊ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်းတွင်လည်းကောင်း၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတွင်လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရှိ လူသုံးကုန်ထုတ်လုပ်မှုသင်တန်းတွင် သင်တန်းသားများအားလည်းကောင်း စုစုပေါင်း (၁၃)ကြိမ် အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

      လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးမှုများကိုလည်း တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် (၁)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၃)ကြိမ်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂)ကြိမ်၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၅)ကြိမ်၊ မုံရွာမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ်၊ စုစုပေါင်း (၂၃)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းများပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပြည့်စုံစွာဖော်ပြပေးရန်၊ စီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေးအသိပညာပေးခြင်း၊ ရည်ညွှန်းဈေးသတ်မှတ်ထားသောကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချစေရေး ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့်သက်ဆိုင်သောလက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)