ကျွန်းလှမြို့၊ “မြင့်မိုရ်ထွန်း” သောက်ရေသန့်စက်ရုံ၌ လုပ်ငန်းရှင်နှင့် စက်ရုံရှိအလုပ်သမားများအား စားသုံးသူအကာအကွယ်ရေးအသိပညာပေးဆွေးနွေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်အနေဖြင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ထုတ်ကုန်များထုတ်လုပ်သည့်လုပ်ငန်းရှင်များနှင့် စက်ရုံးအတွင်းရှိ အလုပ်သမားများအား (၅-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင်  ကျွန်းလှမြို့ပေါ်ရှိ ”မြင့်မိုရ်ထွန်း” သောက်ရေသန့်စက်ရုံသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်လှမြို့နယ်တာဝန်ခံ(အကြီးတန်းစာရေး)ဒေါ်ဝေဝေအောင်သည် လုပ်ငန်းရှင်နှင့် စက်ရုံရှိ အလုပ်သမားများအား တွေ့ဆုံ၍ စားသုံးသူအကာအကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

    အဆိုပါ “မြင့်မိုရ်ထွန်း” သောက်ရေသန့်လုပ်ငန်းရှင်နှင့် အလုပ်သမားများအား စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံအဆင့်ဆင့်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ (၁၅) ရက်နေ့၌ ပြဋ္ဌာန်းခဲ့ပြီး အခန့်ပေါင်း(၂၅)ခန်း၊ ပုဒ်မပေါင်း(၈၄)ခုပါဝင်ကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် လိုက်နာရမည့်အချက်များ၊ ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့်ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ ကုန်စည်ထုတ်လုပ်သည့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဌာန၏အတည်ပြုချက်ရယူနိုင်ရေးဆောင်ရွက်ကြရန်နှင့်  စားသုံးသူကကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားရာတွင် DOCA Myanmar Facebook Page တွင်လည်းကောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) တွင်လည်းကောင်း၊ မိမိတို့ဌာန၏ Website  ဖြစ်သည့် www . doca . gov . mm တွင်လည်းကောင်း၊ MPT၊ mytel၊  Telenor၊  Oredoo၊ SIM Card User များအားလုံး Call Center No. 1535 တို့တွင် တိုင်ကြားနိုင်ပါကြောင်းနှင့် သိလိုသည်များကိုစုံစမ်းမေးမြန်းနိုင်သည့်အကြောင်းများကို စက်ရုံပိုင်ရှင်နှင့် စက်ရုံအလုပ်သမား(၈)ဦးတို့အား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။         

DOCA(စစ်ကိုင်း)