မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စုဈေးတွင် ၂၀၂၃ခုနှစ်၊ မေလအတွင်းရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ရွှေလိမ္မော် တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ပျားလိမ္မော် တစ်ပိဿာ ၈၀၀၀ကျပ်၊ စပျစ်သီး တစ်ပိဿာ ၁၀၀၀၀ကျပ်၊ စတော်ဘယ်ရီ တစ်ပိဿာ ၈၀၀၀ကျပ်၊ ပန်းသီး တစ်လုံး ၁၀၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ပန်းသစ်တော် တစ်လုံး ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်၊ ထောပတ်သီး တစ်လုံး ၅၀၀ကျပ်မှ ၁၀၀၀ကျပ်၊ မာလကာသီး တစ်လုံး ၃၀၀ကျပ်မှ ၅၀၀ကျပ်၊ ဖရဲသီး တစ်လုံး ၁၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ သခွားမွှေး တစ်လုံး ၁၀၀၀ကျပ်မှ ၂၀၀၀ကျပ်၊ နာနတ်သီး တစ်လုံး ၈၀၀ကျပ်မှ ၁၀၀၀ကျပ်၊ ဖီးကြမ်းငှက်ပျောသီး တစ်ဖီး ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်၊ သီးမွှေးငှက်ပျောသီး တစ်ဖီး ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ရခိုင်ငှက်ပျောသီး တစ်ဖီး ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်၊ နဂါးမောက်သီးတစ်လုံး ၃၀၀ကျပ်မှ ၅၀၀ကျပ်၊ ကြက်မောက်သီး တစ်ပိဿာ ၈၀၀၀ကျပ်၊ လိုင်ချီးသီး တစ်ပိဿာ ၇၀၀၀ကျပ်၊ နှင်းသီး တစ်ပိဿာ ၅၀၀၀ကျပ်မှ ၇၀၀၀ကျပ်၊ သင်္ဘောသီး တစ်လုံး ၇၀၀ကျပ်မှ ၁၀၀၀ကျပ်၊ ပိန္နဲသီး တစ်လုံး ၂၀၀၀ကျပ်မှ ၅၀၀၀ကျပ်၊ ဒူးရင်းသီး တစ်လုံး ၁၀၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်၊ သံပုရာသီး (၂၅) လုံးလျှင် ၁၀၀၀ကျပ်၊ ရှောက်သီး တစ်လုံး ၂၀၀ကျပ်မှ ၃၀၀ကျပ်၊ အုန်းသီး(အစိမ်း) တစ်လုံး ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ဒညှင်းသီး တစ်လုံး ၅၀ကျပ်မှ ၁၀၀ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)