စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေ ၂၀၁၉အရ ကုန်စည် (သို့) ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍သော်လည်းကောင်း စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် စစ်ဆေးရေးအရာရှိဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် (၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
အဆိုပါဆေးဆိုင်များတွင် ရောင်းချနေသောဆေးဝါးများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DRC No. ပါရှိခြင်းရှိ/မရှိ၊ ဆေးဈေးနှုန်းများမှန်ကန်မှုရှိစေရေးနှင့် ဈေးကစားခြင်းကြောင့် ဈေးနှုန်းများမြင့်တက်ခြင်းမရှိစေရေးရည်ရွယ်၍ အပတ်စဉ်သွားရောက်၍ စစ်ဆေးမှုများနှင့် ဈေးနှုန်းကောက်ယူခြင်းလုပ်ငန်းများလုပ်ဆောင်ခဲ့ပါသည်။ ဈေးကွက်အတွင်း ဆေးလက်ကျန်အခြေအနေနှင့် ဆေးပစ္စည်းလိုအပ်ချက်များအား မေးမြန်းဆွေးနွေးခဲ့ရာ ဆေးဝါးများပြတ်လပ်မှုမရှိပါကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)