မြသိန်းတန်ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းနှင့် ဝန်ထမ်းများသည် (၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငါးဘတ်အိုင်ကျေးရွာရှိ ဦးစိုးမင်း၏ မြသိန်းတန်(၂)ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြသိန်းတန်ဆန်စက်ပိုင်ရှင် ဦးစိုးမင်းမက စပါးများဝယ်ယူရရှိမှု၊  ဆန်ဈေးကွက်အခြေအနေကောင်းများနှင့် ဆန်စက်အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်ရန် လိုအပ်သည်များကို တင်ပြဆွေးနွေးရာ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးပိုးဖြူပိုင်မင်းက အရည်အသွေးကောင်းမွန်သောဆန်များကို ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှ ပြည်ပတင်ပို့ကုန်အထိ ဈေးကွက်မြှင့်တင်နိုင်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် လိုအပ်သည့်အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)