အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ (၃၁-၅-၂၀၂၃) ရက်နေ့မှ (၆-၆-၂၀၂၃) ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၁၂၀၀) မှ ကျပ် (၁၅၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၅၀၀) မှ ကျပ် (၁၈၀၀) အတွင်း၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် ကျပ် (၇၀၀) မှ ကျပ် (၂၀၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၂၁၀၀) အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၆၀၀) မှ ကျပ် (၂၂၀၀) အတွင်း ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၅၀၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၁၅၀၀) မှ ကျပ် (၂၀၀၀) အတွင်း၊ မုန်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၂၅၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၁၈၀၀) မှ ကျပ် (၂၀၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် (၄၈၀၀) မှ ကျပ် (၆၀၀၀) အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ကျပ် (၆၀၀၀) မှ ကျပ် (၆၈၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၄၅၀၀) မှ (၆၀၀၀) အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ် (၂၀၀) မှ ကျပ် (၂၅၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ် (၇၅) မှ ကျပ် (၁၀၀) အတွင်း၊ ခရမ်းသီး(ရှည်)တစ်ပိဿာလျှင် ကျပ် (၁၈၀၀) မှ ကျပ် (၂၂၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၅၀) မှ ကျပ် (၂၀၀) အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)တစ်ပိဿာလျှင် ကျပ် (၃၅၀၀) မှ ကျပ် (၄၅၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ် (၁၅၀၀) မှ ကျပ် (၈၀၀၀) အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၂၂၁၀၀၀) ကျော်၊ ခရမ်းသီး(ရှည်)ပိဿာပေါင်း (၁၁၀၈၀) ကျော်၊ ဘူးသီးအလုံးပေါင်း (၂၈၅၅) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၅၀၅၀) ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၅၅၂၀၀) ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၃၀၁၀၀) ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၇၈၃၀) ကျော်နှင့် ဖရဲသီးလုံးပေါင်း (၃၆၀၀) ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)