တောင်ငူမြို့တွင် ချင်းတက်များ ဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

    တောင်ငူမြို့ရှိ ကုန်စုံဆိုင်များတွင် ချင်းတက်များမှာ ၂၀၂၃ခုနှစ်၊ မေလတွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်ရှိခဲ့ရာမှ တစ်ပတ်ချင်းစီတွင် တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ယခု ဇွန်လ၌ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၁၀၀၀ ကျပ်ထိမြင့်တက်လာပါသည်။

   အရောင်းအဝယ်မှာလည်း မဝယ်မဖြစ်သည့်စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များသာဝယ်ယူကြပြီး အိမ်သုံးသူ အိမ်ရှင်မများအနေဖြင့် အနည်းငယ်သာဝယ်ယူကြကြောင်း သိရပါသည်။

  ချင်းတက်များမှာ ဈေးနှုန်းမြင့်တက်သော်လည်း လက်ဖက်နှင့်သုပ်စားသောချင်းများမှာ ယခင်၌ တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိရှိခဲ့ပြီး ယခုအခါ တစ်ပိသာလျှင် ၅၀၀၀ကျပ်မှ ၅၄၀၀ကျပ်ထိသာရှိသဖြင့် ချင်းတက်ကဲ့သို့ သိသိသာသာဈေနှုန်းမြင့်းတက်ခြင်းမရှိသေးကြောင်း သိရပါသည်။

DOCA(ပဲခူး)