
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ အမှတ် (၁၀)၊ ကျိုက်ခေါက်ဘုရားလမ်း၊ သန်လျင်မြို့ရှိ City Mart Supermarket (သန်လျင်) ၌ (၂၉-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် အဆိုပါ City Mart ရှိ မန်နေဂျာနှင့် တာဝန်ရှိသူများအား သန်လျင်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုင်းဆိုင်လှိုင်းက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်သားဖော်ပြခြင်းဆိုင်ရာကိစ္စရပ်များ အစရှိသည်တို့နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပေးခဲ့ပါသည်။
DOCA(ရန်ကုန်)