ကျိုက်မရောမြို့နယ်၊ သင်္ဃန်းချောင်ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

 မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၁၃-၆-၂၀၂၃) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ သင်္ဃန်းချောင်ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်း ရောင်းချနေသောမြန်မာမုန့်များ သန့်ရှင်းလတ်ဆက်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဘူးများ စသည့်အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိစစ်ဆေးခြင်းနှင့် သက်တမ်းလွန်စားသောက်ကုန်များနှင့် စားသောက်ရန်မသင့်သော စားသောက်ကုန်များရောင်းချနေခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး ကုန်အညွှန်အမှတ်အသားဖော်ပြပါရှိသောစားသောက်ကုန်များနှင့် ဘေးအန္တရာယ်ကင်းသောစားသောက်ကုန်များသာရောင်းချရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)