ဖြူးမြို့တွင် ကြက်သွန်နီနှင့်အာလူးဈေးအနည်းငယ်ကျပြီး ကြက်သွန်ဖြူ၊ မြေပဲဆံ၊ ကုလားပဲဈေးတက်

Powered by Drupal

     တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်းမှ ၂၀၂၃ခုနှစ်၊ဇွန်လ(ဒုတိယပတ်)တွင် တစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်မှ ဇွန်လ(တတိယပတ်)တွင် ၁၁၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ခဲ့ပြီး ဖျာပုံပေါ်ဆန်းမှာ တစ်အိတ်လျှင် ၉၅၀၀၀ ကျပ် ဧည့်မထ(မိုး) တစ်အိတ်လျှင် ၇၂၀၀၀ ကျပ်၊ ဧည့်မထ(နွေ) တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က  တစ်ပိဿာလျှင် ၆၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၃၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။

     ကြက်သွန်နီမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၂၄၀၀ ကျပ်၊ အလတ် ၂၆၀၀ ကျပ်နှင့် အကြီး ၂၇၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၀၀၀ ကျပ်၊ အလတ် ၂၂၀၀ ကျပ်နှင့် အကြီး ၂၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

    ကြက်သွန်ဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၅၀၀၀ ကျပ်၊ အလတ် ၅၅၀၀ ကျပ်နှင့် အကြီး ၆၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၅၅၀၀ ကျပ်၊ အလတ် ၆၅၀၀ ကျပ်နှင့် အကြီး ၇၅၀၀ ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ပါသည်။

    ငရုတ်ခြောက် အရှည်မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ရှိရာမှ ယခု အပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၁၇၀၀ ကျပ်အထိ ဈေးအနည်းငယ်မြင့်တက်ခဲ့ပြီး အာလူးမှာ တစ်ပိဿာလျှင် အသေး ၂၀၀၀ ကျပ်၊ အလတ် ၂၂၀၀ ကျပ်နှင့် အသေး ၂၅၀၀ ကျပ်ရှိပါ သည်။

      ကုလားပဲခြမ်းမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၅၈၀၀ ကျပ်မှ ယခုအပတ်တွင် တစ် ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      မြေပဲဆံ(အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၈၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပြီး မြေပဲဆံ(အနီ)မှာ တစ်ပိဿာလျှင် ၈၈၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)