ဓနုဖြူမြို့နယ်တွင် မြို့မဈေးတွင် ကုန်မျိုးစုံဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ မြို့မဈေးအတွင်း ကုန်မျိုးစုံရောင်းချနေသောဆိုင်များမှ ကုန်မျိုးစုံအား မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၉-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

  ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဓနုဖြူမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသောဆိုင်ရှင်များအား မြို့နယ်ဦးစီးမှူးက ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) နှင့်အညီ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မိမိတို့ရောင်းချနေသောကုန်စည်များနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစေမှုကို အာမခံရမည်ဖြစ်ကြောင်း၊ စားသုံးသူတို့ ဝယ်ယူသုံးစွဲမှုကြောင့် အမှန်တကယ်ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ပြီး အာမခံချက်နှင့်အညီ ဆောင်ရွက်ပေးခြင်းမရှိပါက စားသုံးသူသည် အမှန်တကယ်နစ်နာဆုံးရှုံးမှုအတွက် စားသုံးသူရေးရာဦးစီးဌာနသို့ နစ်နာမှုအား အရေးဆိုတိုင်ကြားနိုင်သည့်အခွင့်အရေးရှိသည့်အတွက် စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့်အကြောင်းကိုလည်းကောင်း၊ ဦးစီးဌာနအနေဖြင့်လည်း ဘေးအန္တရာယ်ရှိသောကုန်စည်ကို ဈေးကွက်အတွင်း တွေ့ရှိပါက ပြန်လည်သိမ်းဆည်းနိုင်ခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်နိုင်ကြောင်း၊ လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် စားသုံးသူထံ မှန်ကန်သောသတင်းအချက်အလက်များကို သတ်မှတ်ထုတ်ပြန်ရမည်ဖြစ်ကြောင်းကို ဆိုင်ရှင်များအား ရှင်းလင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)