ပန်းတနော်သင်ဖြူးဖျာလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းသည် (၉-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ အနောက်ပိုင်းရပ်ကွက်ရှိ သင်ဖြူးဖျာလုပ်ငန်းသို့သွားရောက်ကွင်းဆင်း၍ လုပ်ငန်းရှင်အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

  အသိပညာပေးဆွေးနွေးမှုတွင် ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းနှင့် ဝန်ထမ်းများသည် သင်ဖြူးဖျာလုပ်ငန်းရှင်အားတွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ အကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီးနောက် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်း၊ စားသုံးသူအခွင့်အရေး (၈) ချက်၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁)၊ အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအခွင့်အရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်းကို သိရှိလေ့လာလိုပါက www.doca.gov.mm website တွင် လှုပ်ရှားမှုများကို ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ Facebook Page တွင်လည်း ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူအခွင့်အရေးကို ကိုယ်တိုင်ရယူတတ်စေရန်အတွက် ပြည်သူတိုင်းသည် စားသုံးသူဖြစ်၍ စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးရှိကြောင်း၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိလာလျှင် တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားခြင်းနှင့်ပတ်သက်၍ အလွယ်တကူတိုင်ကြားနိုင်ရန် (CICC) ဖွင့်လှစ်ထားကြောင်း၊ DOCA Myanmar Mobile Application ဖြင့်လည်းကောင်း တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူစစ်တမ်းကောက်ယူမှုအရ ဖုန်းဖြင့်ဆက်သွယ်တိုင်ကြားမှုနည်းလမ်းလိုအပ်သူများကြောင့် Consumer Call Center No. (1535) သို့လည်းကောင်း နစ်နာသူကိုယ်တိုင် (သို့မဟုတ်) မိသားစုဝင်များသည် အစိုးရဌာနအဖွဲ့အစည်းများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှတစ်ဆင့် တိုင်ကြားနိုင်ကြောင်းကို ပြောကြားခဲ့ပြီး ပြည်သူများကလည်း သိရှိလိုသည်များကိုမေးမြန်းခဲ့ကြပြီး ဟောပြောပွဲအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)