မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၁၃-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ အောင်သပြေဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးအတွင်း  ရောင်းချနေသောကုန်စုံဆိုင် (၃) ဆိုင်ရှိ ရွက်လှေတံဆိပ် ပေါင်းဂျုံခေါက်ဆွဲ (နန်းပြား) ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ရာ ပြည့်စုံမှုရှိကြောင်းတွေ့ရှိရပြီး ကုန်မျိုးစုံဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) ပါ  ပြဋ္ဌာန်းချက်များမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်းနှင့် လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောဥပဒေများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)