မိတ္ထီလာခရိုင်သည် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် စားဖိုဆောင်သီးနှံ ဖြစ်သည့် ကြက်သွန်၊ ငရုတ်သီးနှံများ အများအပြား စိုက်ပျိုးသောခရိုင်တစ်ခုဖြစ်ပါသည်။ ယခုအခါ သီးနှံများ ဖြစ်ထွန်းအောင်မြင်ရန် အသုံးပြုသည့် သွင်းအားစု ဓါတ်မြသြစျေးများ မြင့်တက်လာနေသည်ကို တွေ့ရ ပါသည်။ ၂၀၂၃ခုနှစ်၊မေလတတိယပတ် MC (50 kg) တစ်အိတ်လျှင် (၉၃၀၀၀) ကျပ်၊ ရွှေတောင် (50 kg) တစ်အိတ်လျှင် (၇၄၀၀၀) ကျပ်၊ ရွှေပျား (50 kg) တစ်အိတ်လျှင် (၇၃၀၀၀) ကျပ်၊ နေရွက်လှေ (50 kg) တစ်အိတ်လျှင် (၇၂၀၀၀) ကျပ်၊ GPS (50 kg) တစ်အိတ်လျှင် (၉၅၀၀၀) ကျပ်၊ စိမ်စို (50 kg) တစ်အိတ်လျှင် (၁၀၈၀၀၀) ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု ဇွန်လတတိယပတ် MC (50 kg) တစ်အိတ်လျှင် (၉၄၀၀၀) ကျပ်၊ ရွှေတောင် (50 kg) တစ်အိတ်လျှင် (၈၂၀၀၀) ကျပ်၊ ရွှေပျား (50 kg) တစ်အိတ်လျှင် (၇၈၀၀၀) ကျပ်၊ နေရွက်လှေ (50 kg) တစ်အိတ်လျှင် (၈၂၀၀၀) ကျပ်၊ GPS (50 kg) တစ်အိတ်လျှင် (၁၁၈၀၀၀) ကျပ်၊ စိမ်စို (50 kg) တစ်အိတ်လျှင် (၁၁၈၀၀၀) ကျပ် စျေးရှိပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက မြေသြဇာစျေးနှုန်းများ မြင့်တက်လာပါသည်။ စျေးနှုန်းမြင့်တက်လာရခြင်းမှာ ဒေါ်လာစျေးနှုန်းမြင့်တက်လာခြင်းနှင့် သီးနှံစိုက်ပျိုးရာသီချိန် ရောက်ရှိလာခြင်းတို့ကြောင့်ဖြစ်ကြောင်း စျေးကွက်မှ သိရပါသည်။
DOCA(မန္တလေး)