မကွေးမြို့တွင် မြို့မစျေး၊ ကံသာစျေး ၊မင်္ဂလာစျေး ၊ ရန်ပယ်စျေး ၊အခွန်လွတ်စျေးနှင့် ဆည်မြောင်းစျေး တို့ရှိကြပြီး ရန်ပယ်စျေးသို့ မကျီးကန်ရွာ၊ ဆားတိုင်ကန်ရွာ၊သန်းတောကုန်းရွာ၊ ပထိုးစမ်း ကျေးရွာတို့မှ အဓိကလာရောက် ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
ထို့အပြင် မကွေးမြို့ရန်ပယ်ဈေးသို့ ရေထွက်ကုန်ပစ္စည်းများကို ရန်ကုန်၊ ဘုရင့်နောင်ဈေးမှ ဝင်ရောက်လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်ရှိ ဆည်များတွင် မွေးမြူထားသော ဇလားဗီးယား၊ ငါးဖန်းမငါးများကို အခြောက်လှန်း၍ ၎င်းအား ငါးဆယ်နယ်အဖြစ်လည်းကောင်း ပြုလုပ်၍ လာရောက်ရောင်းချကြကြောင်း လေ့လာသိရှိရပါသည်။
မကွေးမြို့ ရန်ပယ်စျေးတွင် ၂၀၂၃ခုနှစ်၊ ဇွန်လ (တတိယပတ်)အတွင်း ရောင်းချလျက်ရှိသော ကုန်ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀-၇၀၀၀၀)၊ ငါးကွန်းရှပ် (၁)ပိဿာ လျှင်ကျပ်(၂၀၀၀၀-၂၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀)၊ ငါးမဲလုံး (၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငါးကြင်း ငါးပိကောင်(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ငါးဖောင်းဝိုင်း (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ငါးမင်း သားခြောက် (၁)ပိဿာလျှင် ကျပ်(၂၈၀၀၀)နှင့် ငါးရံ့လုံး (၁)ပိဿာလျှင် ကျပ် (၆၀၀၀၀)အထိ အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စျေးသည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)