မကွေးတိုင်းဒေသကြီး အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာ(၁)အိတ် လျှင် ယခင်အပတ် (၁၄-၆-၂၀၂၃) ရက်နေ့တွင် ကျပ်(၂၈၀၀၀၀မှ ၃၀၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၂၀-၆-၂၀၂၃)ရက်နေ့တွင် ကျပ် (၂၇၅၀၀၀မှ ၂၉၅၀၀၀) ဖြစ်၍ ကျပ်(၅၀၀၀) ဈေးလျော့ခဲ့ပြီး (၁၁၅၀) အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။
ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ)မှာ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ် (၁၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၈၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၇၇၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၆၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးလျော့ခဲ့ကြောင်း၊ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၉၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၉၁၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ကုလားပဲ (မြကြေး)ယခင်အပတ်တွင် ကျပ် (၉၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)စသည်ဖြင့် အသီးသီးဈေးလျော့ခဲ့ပါသည်။ ပဲကြီးယခင်အပတ်တွင် ကျပ်(၉၇၀၀၀မှ ၉၈၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၆၀၀၀မှ ၁၀၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ် ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ် များဖြင့် ပဲစဉ်းငုံ(နီ) (၇၀၀)အိတ်၊ မတ်ပဲ (၃၅၀)အိတ်၊ ကုလားပဲ(H-L)(၈၀၀)အိတ်၊ ကုလားပဲ (မြကြေး)(၉၀၀)အိတ်၊ ပဲကြီး (၇၅၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါသည်။
မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ် (၆၇၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၇၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀) ပိဿာဝင်အိတ်များဖြင့်မြေပဲလုံးဆံ(ဖြူ)(၃၂၅) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်းနှင့်နှမ်းနှင့် ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။
DOCA(မကွေး)