မိတ္ထီလာစျေးကွက်တွင် ဇွန်လတတိယပတ်အတွင်း နယ်ဝေးတင်ပို့မှုနည်းကြောင်း သိရသည်။ မိတ္ထီလာစျေးကွက်မှ ရန်ကုန်၊ ပဲခူးမြို့များသို့ ပုံမှန်အားဖြင့် တင်ပို့မှုရှိသော်လည်း၊ ယခုတစ်ပတ် ရန်ကုန်သို့ တင်ပို့မှုမရှိသလောက်ဖြစ်ကာ ပဲခူးသို့လည်း ခြောက်ဘီးကားဖြင့် တစ်စီးလျှင် ကုန်ချိန်ပိဿာ (၃၀၀၀-၄၀၀၀) ဝန်းကျင်ကို အခြားကုန်များနှင့်ရောနှောတင်ပို့ပါသည်။ ယခင်တစ်ပတ်က မြဝတီနှင့် မူဆယ်သို့ တင်ပို့မှုများခဲ့သော်လည်း ယခုတစ်ပတ်မူဆယ်သို့ တွဲကား တစ်စီး ကုန်ပိဿာ (၂၀၀၀၀) ခန့် သာတင်ပို့နိုင်ခဲ့ပါသည်။ ဒေသတွင်း လှောင်လက်၌ လက်ကျန်များသော်လည်း ရောင်းစျေးမှာ စျေးမြှင့် ပြီး မြဝတီဝယ်လက်သို့ ရောင်းစျေးနှင့်မကိုက်ခြင်းကြောင့်ဖြစ်ကာ မူဆယ်ဝယ်လက်မှာ ပစ္စည်းအရည်သွေးကောင်းကို စျေးကောင်းပေးဝယ်ယူခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ ကုန်တင်ခမှာ စျေးငြိမ်နေပြီး လက်ကားစျေးတစ်ပိဿာလျှင် ပဲခူးသို့ (၁၀၀) ကျပ်၊ မူဆယ်သို့ (၂၀၀) ကျပ် ရှိပါသည်။ ကြက်သွန်နီစျေးမှာလည်း ဝယ်လက်အဝယ်အေးသဖြင့် တစ်ပိဿာ လက်ကားစျေး (၂၂၀၀-၂၄၀၀) ကျပ်ဖြင့် စျေးငြိမ်နေကြောင်း စျေးကွက်မှသိရသည်။
DOCA(မန္တလေး)