ယခုတစ်ပတ်၏ ပြောင်းသီးနှံပေါက်ဈေးမှာ တစ်ပိဿာလျှင် (၁၀၈၀) ကျပ်မှ (၁၁၀၀) ကျပ်ဖြစ်ပါသည်။ ပြောင်းအဆွဲအနည်းငယ်သွက်လာပါသည်။ ကြက်သွန်ဖြူမှာ တောင်သူလက်ကျန်နည်းပါးလာသောကြောင့် အဝင်နည်းလာကာ ဈေးဆက်တက်လာပါသည်။ ကြက်သွန်ဖြူပေါက်ဈေးမှာ တစ်ပိဿာလျှင် ထူး-၁ (၅၆၀၀) ကျပ်၊ ထူး-၂ (၆၀၀၀) ကျပ်၊ ထူး-၃(၆၅၀၀) ကျပ်၊ ထူး-၄(၇၀၀၀) ကျပ်၊ ထူး-၅ (၇၇၀၀) ကျပ်၊ ထူးလွန် (၇၈၀၀) ကျပ်နှင့် ကြူကုတ်မှာ တစ်ပိဿာလျှင် (၇၈၀၀) ကျပ်တို့ဖြစ်ပါသည်။ တစ်ပတ်အတွင်း တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့်ဈေးမြင့်လာပါသည်။
အာလူးသီးနှံပေါက်ဈေးမှာ တစ်ပိဿာလျှင် S2 (၂၇၀၀) ကျပ်၊ S1 (၂၅၀၀ ) ကျပ်၊ OK (၂၂၀၀) ကျပ်၊ A1 (၂၀၀၀) ကျပ် ဆွဲ (၁၉၀၀) ကျပ်နှင့် ဂေါ်လီ (၁၅၀၀) ကျပ်တို့ဖြစ်ပါသည်။ အာလူးထွက်ရှိချိန်ဖြစ်သောကြောင့် ဈေးငြိမ်နေပါသည်။ ချင်းသီးနှံမှာ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ပေါက်ဈေးရှိကာ အရောင်းအဝယ်အေးနေကြောင်းသိရပါသည်။ ချင်းဥမမှာ တစ်ပိဿာလျှင် (၄၅၀၀) ကျပ်ပေါက်ဈေးရှိသော်လည်း အရောင်းအဝယ်နည်းပါးပါသည်။ နနွင်းဈေးမှာ တစ်ပိဿာလျှင် ဆင်တောင် (၄၂၀၀) ကျပ်နှင့် ဆင့်၁ (၃၅၀၀) ကျပ်နှင့် ဆင့်၂ (၃၀၀၀) ကျပ်တို့ဖြစ်ပါသည်။
ကုန်စိမ်းသီးနှံများမှာ ဂေါ်ဖီဈေးကျ၍ တစ်ထုပ်လျှင် (၆၀၀) ကျပ်မှ (၁၀၀၀) ကျပ်၊ ပန်းပွင့်တစ်ပွင့်လျှင် (၁၀၀၀) ကျပ်မှ (၁၂၀၀) ကျပ်၊ ရွှေပဲတစ်ပိဿာလျှင် (၇၀၀၀) ကျပ်မှ (၉၀၀၀) ကျပ်၊ ဘိုစားပဲတစ်ပိဿာလျှင် (၁၅၀၀) ကျပ်မှ (၁၇၀၀ )ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင် (၈၀၀) ကျပ်မှ (၁၂၀၀) ကျပ်၊ ငရုတ်ပွတစ်ပိဿာလျှင် (၁၀၀၀) ကျပ်မှ (၁၂၀၀) ကျပ်၊ မုံညှင်းတစ်ပိဿာလျှင် (၇၀၀) ကျပ်မှ (၁၄၀၀) ကျပ်၊ မုန်လာဥဖြူတစ်ပိဿာလျှင် (၁၅၀၀) ကျပ်၊ ခရမ်းချဉ်သဲယောင်ရွတ်စတစ်ပိဿာလျှင် (၁၃၀၀) ကျပ်မှ (၇၀၀) ကျပ်ခန့်၊ ငရုတ်သီးစိမ်းမှာ မိုးထောင်တစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ ကျောက်စိမ်းတစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ ရွှေအပ်စိမ်းတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ကုလားအော်တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ကြက်ဟင်းခါးသီးတစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ သံပရာသီးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ဂေါ်ရခါးညွန့် (၅၀) ညွန့်ပါ တစ်ထုံးလျှင် (၁၅၀၀၀) ကျပ်၊ ကိုက်လန် (၅၀) စီးပါ တစ်ထုံးလျှင် (၁၆၀၀၀) ကျပ်၊ ဥနီ တစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ ဂျူးမြစ်တစ်ပိဿာလျှင် (၂၅၀၀) ကျပ်မှ (၃၀၀၀) ကျပ်နှင့် ဖရုံသီးတစ်လုံးလျှင် (၇၀၀) ကျပ်မှ (၁၁၀၀) ကျပ်တို့ဖြင့် ကုန်ဈေးနှုန်းသီးနှံများ ဈေးအနည်းငယ်ကျဆင်းလျက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(ရှမ်း)