နယ်အဝယ်မရှိသည့် ပြည်မန်ကျည်းသီးမှည့်

Powered by Drupal

     ယခုအပတ်၊ ပြည်မန်ကျည်းပွဲရုံများတွင် နယ်အဝင်လုံးဝမရှိတော့ဘဲ ဒေသတွင်း အရောင်းအဝယ်သာရှိနေကာ ယနေ့လက်လီသမားတို့အဝယ်ကြောင့် ပိဿာချိန်(၂၀၀)ကျော်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ မန်ကျည်းမှည့်ဈေးများမှာ အစေ့ပါတစ်ပိဿာလျှင် (၁၀၀၀-၁၁၀၀) ကျပ်နှင့် အစေ့မပါတစ်ပိဿာလျှင် (၂၂၀၀-၂၃၀၀) တို့ဖြင့် လက်ကားရောင်းချလျက်ရှိပြီး လက်လီဈေးမှာ အစေ့ပါတစ်ပိဿာလျှင် (၁၃၀၀-၁၄၀၀) ကျပ်၊ အစေ့မပါတစ်ပိဿာလျှင် (၃၀၀၀-၄၀၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။ မန်ကျည်းသီးမှည့်ဈေးနှုန်းမှာ အတက်အကျမရှိဘဲ ဈေးငြိမ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)