ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ(၁/၂၀၂၃-၂၀၂၄)အစည်းအဝေးကို (၂၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ကျိုင်းတုံ)နှင့် ဒုတိယပြည်နယ်ဦးစီးမှူးရုံး(လားရှိုး)၊ ခရိုင်ဦးစီးမှူးရုံးများဖြစ်ကြသော လွိုင်လင်၊ တာချီလိတ်၊ ကျောက်မဲ၊ မူဆယ်များမှလည်း Online System ဖြင့် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဉီးတင့်လွင်ဦးက (၁/၂၀၂၃-၂၀၂၄)အမှာစာများအား ဖတ်ကြားရှင်းလင်းခဲ့မှုအပေါ် တက်ရောက်လာကြသည့်ကော်မတီအဖွဲ့ဝင်များက အတည်ပြုမှတ်တမ်းတင်ခြင်း၊ ဆွေးနွေးအကြံပြုခြင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၂ :၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)