စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ပူးပေါင်းပြီး (၂၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ “Glory” မုန့်ဖုတ်ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများက မုန့်ဖုတ်လုပ်ငန်းလုပ်ကိုင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက မုန့်ထုတ်လုပ်ရောင်းချရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်မရှိစေရန်အတွက် (expire date) သက်တမ်းကုန်ဆုံးမည့်ရက်၊ ကုန်အညွှန်းအမှတ်အသား စသည့်အချက်များကို မဖြစ်မနေထည့်သွင်းရမည်ဖြစ်ကြောင်း ရှင်းလင်းမှာကြားခဲ့ပါသည်။ ထို့နောက် အဆိုပါ မုန့်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ပပက သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
DOCA(ချင်း)