စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ထေးသမရပ်ကွက်ရှိ “ရွှေသဇင်မိုး” စက်သုံးဆီအရောင်းဆိုင်နှင့် ဒေါတမရပ်ကွက်ရှိ အောင်မြတ်(၂)စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် အချင်အတွယ်၊ ဂါလံ၊ လီတာပြည်မီမှုရှိ/မရှိတို့ကို ပြည်နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီအဖွဲ့ဖြင့် ကွင်း ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အရောင်းဆိုင်များ၌ စက်သုံးဆီတင်သွင်း/ သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသောနှုန်းထားများအတိုင်း ရောင်းချလျက်ရှိကြောင်း၊း အချင်အတွယ်၊ ဂါလံ၊ လီတာများကိုလည်း ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ (၂၀)လီတာစံခွက်များဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှုရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏အရည်အသွေး၊ အချင်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချရန်လိုအပ်ကြောင်း၊ စက်သုံးဆီလက်ကျန်ပမာဏအပေါ် စောင့်ကြည့်ကြပ်မတ်၍ ပြတ်လပ်မူမရှိစေရေး စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဈေးကစားလိုသည်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ကုန်စည်ထိန်းညှိရောင်းချခြင်းနှင့် ကုန်စည်တင်သွင်း/ဖြန်ဖြူးရောင်းချရာ၌ မသမာသောရည်ရွယ်ချက်ဖြင့် ရောနှောရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် သတ်မှတ်ချက်များနှင့်မကိုက်ညီသောစက်သုံးဆီများ ဈေးကွက်အတွင်း တွေ့ရှိရပါက ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရသော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရသော်လည်းကောင်း အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
DOCA(ကယား)