ရမည်းသင်းခရိုင်အတွင်း မိုးနေကြာစိုက်ပျိုးဖြစ်ထွန်းမှု

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်း မိုးနေကြာများကို စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး စင်‌ရွှေကြာ (၂)မျိုး၊ ရေဆင်း(၁)မျိုးနှင့် ရာစောင့်တဲနေကြာမျိုးများကို အများဆုံး စိုက်ပျိုးကြပါသည်။ မိုးနေကြာကိုဇွန်လဆန်းမှ စတင်စိုက်ပျိုးပြီး စက်တင်ဘာလကုန်တွင် ရိတ်သိမ်းကြောင်းသိရှိရပါသည်၊၊ မျိုးသန့်နေကြာမျိုးစေ့များကို (၂)ပြည်တစ်အိတ်(၂၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး တစ်ဧကလျှင်နှစ်ပြည်အိတ် နှစ်အိတ်ကြဲပတ်ရကြောင်း သိရှိရပါသည်။

     ယခင်နှစ်တွင် မိုးနေကြာစိုက်ပျိုးမှုအနေဖြင့် တစ်ဧကကုန်ကျစရိတ် (၄၀၀၀၀၀) ကျပ်ခန့်ကုန်ကျပြီး တစ်ဧကလျှင် တင်း (၂၀)မှ တင်း (၂၅) တင်းထွက်ရှိကြောင်း ၊ ရာသီချိန်စျေးနှုန်းများမှာလည်း တစ်တင်းလျှင် (၄၀၀၀၀) ကျပ်ရရှိသဖြင့် နေကြာစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် (၆၀၀၀၀၀) ကျပ် အကျိုးအမြတ်ရရှိကြောင်း၊ နေကြာဆီသည် ကျန်းမာရေးနှင့်ညီညွှတ်သည့် ဆီထွက်သီးနှံတစ်မျိုးဖြစ်ပြီး နေကြာဆီ စားသုံးမှုများလာ၍ ထွက်ရှိသော နေကြာများကို ဒေသတွင်းကြိတ်ခွဲထုတ်လုပ်ရောင်းချကြပါသည်။ လက်ရှိစျေးကွက်အတွင်း နေကြာစေ့တစ်ပိဿာလျှင် (၃၈၀၀) ကျပ်၊ နေကြာဆီစျေးနှုန်းမှာ တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ်နေကြာစေ့ တစ်ပိဿာလျှင်(၂၇၅၀) ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် (၅၅၀၀) ကျပ်သာရှိခဲ့ပြီး၊ ယခင်နှစ်နှင့် ယခုနှစ်ကာလတူနှိုင်းယှဉ်ပါက နေကြာစေ့နှင့်နေကြာဆီများ စျေးနှုန်းမြင့်တက်သဖြင့် တောင်သူများလည်း အကျိုးအမြတ်များစွာရရှိ၍ ယခုနှစ်တွင် မိုးနေကြာကို ပိုမိုစိုက်ပျိုးလာကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)