နှမ်းစျေးကောင်း၍ ယခုနှစ် မိုးနှမ်းပိုမိုစိုက်ပျိုး

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်တွင် မိုးနှမ်းများအောင်မြင်စွာစိုက်ပျိုးလျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် မိုးနှမ်းစိုက်ဧက (၁၆၅၅၀) ဧကစိုက်ပျိုးရန်လျာထားလျက်ရှိရာ အမှန်စိုက်ပျိုးဧက ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် (၁၆၅၂၃) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာနစာရင်းများအရ သိရှိရပါသည်။

    မိုးနှမ်းကို မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး သြဂုတ်၊ စက်တင်ဘာလများတွင် စတင် ရိတ်သိမ်းကြောင်း၊ နှမ်းစျေးကောင်းသဖြင့် နှမ်းစိုက်တောင်သူများ ယခုနှစ်ပိုမိုစိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးသော နှမ်းအမျိုးအစားများမှာ နှမ်းဖြူ၊ နှမ်းညိုနှင့် နှမ်းနက်မျိုးများကိုအများဆုံး စိုက်ပျိုးကြပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခင်နှစ် မိုးနှမ်းတစ်ဧက ကုန်ကျစရိတ်မှာ စုစုပေါင်း (၅၀၀၀၀၀) ကျပ်ခန့်ကုန်ကျပြီး၊ တစ်ဧကလျှင် (၁၄.၁၅) တင်းထွက်ရှိကြောင်း၊ နှမ်းစျေးနှုန်းမှာလည်း ရာသီချိန်နှမ်း တစ်တင်းလျှင် (၇၀၀၀၀) ကျပ်ရရှိသဖြင့် တောင်သူမျာအနေဖြင့် တစ်ဧကလျှင် (၅၅၀၀၀၀) ကျပ် အကျိုးအမြတ်ရရှိကြောင်း၊ ယခုနှစ်ရာသီကုန်ချိန်တွင်လည်း လက်ရှိနှမ်းစျေးမှာ နှမ်းညိုတစ်တင်းလျှင် (၈၈၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်စျေးရှိသဖြင့် နှမ်းစျေးကောင်း၍ နှမ်းစိုက်တောင်သူများအနေဖြင့် ယခုနှစ် မိုးဦးကာလမိုးနှမ်းများကို ပိုမိုစိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)