ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် အခြေခံစားသောက်ကုန်များ ဖြစ်သော ဆီ၊ ဆား၊ ကြက်ဥနှင့် ငါးတန်ငါးများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍ သက်ဆိုင်ရာဌာနများဖြစ်သော တိုင်းဆားလုပ်ငန်းဦးစီးဌာန၊ တိုင်းမွေးမြူရေးဌာနနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပါဝင်ပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းစီမံကိန်း၊ တိုင်းဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပုသိမ်ပညာရေးကောလိပ်တွင် ရောင်းချပေးခဲ့ကြောင်းသိရပါသည်။
ထိုသို့ ရောင်းချရာတွင် ကြက်ဥ (၄) လုံးလျှင် (၁၀၀ဝိ/-) ကျပ်နှုန်းဖြင့် ကြက်ဥအလုံး (၂၄၀၀)၊ ဆား (၁) ပိဿာလျှင် (၃၀ဝိ/-) ကျပ်နှုန်းဖြင့် ဆားပိဿာ (၂၅၀)၊ ငါးတန် (၁) ပိဿာလျှင် (၃၃၅ဝိ/) ကျပ်နှုန်းဖြင့် ငါးတန်ပိဿာ (၃၀)၊ ဆီ (၁) ပိဿာလျှင် (၄၂၀ဝိ/-) ကျပ်နှုန်းဖြင့် ဆီပိဿာ (၆၁၀) ရောင်းချပေးခဲ့ကြောင်းသိရပါသည်။
DOCA(ဧရာဝတီ)