ရာသီစာဆေးဖက်ဝင် ဖလံတောင်ဝှေးပင်

Powered by Drupal

    ဖလံတောင်ဝှေးကို မြန်မာပြည်၏ အချို့ဒေသများတွင် ကလန်တောင်ဝှေး ဟုခေါ်ဝေါ် ကြပါသည်။ အရှေ့တောင်အာရှနိုင်ငံများ၏ မိုးဥတုတွင် ပေါက်ကြပါသည်။ ယခုလို မိုးရာသီ ကာလများတွင် တွေ့ရသော ရာသီစာဖလံတောင်ဝှေးကို အိမ်ရှင်မများက ပေါ်ဦးပေါ်ဖျား ဝယ်ကြပြီး အရသာရှိရှိ ကြော်လှော်ချက်ပြုတ်စားကြပါသည်။ ဖလံတောင်ဝှေးဥကို အခြောက်ခံ၍ အမှုန့် ပြုလုပ်ပြီး နေ့စဉ်သောက်သုံးပေးခြင်းဖြင့် ဆီးချိုရောဂါများပျောက်ကင်းစေကာ ခန္ဓာကိုယ်မှမလိုအပ်သော အဆီများကို ကျဆင်းစေပါသည်။ ရှေးလူကြီးများက ဖလံတောင်ဝှေးအမြစ်ကို ထောင်းထု၍ နှာစေး၊ ချောင်းဆိုး၊ အစာမကြေ၊ လေနာ၊ အရေပြားရောဂါတို့အတွက် ဆေးမီးတိုအဖြစ် ကုသလေ့ရှိကြပါသည်။ ဖလံတောင်ဝှေးပင်ကို အိမ်တွင်တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မီးဖိုချောင် စရိတ်လည်း ရရှိပါသည်။ ပြည်မြို့ရှိဈေးကွက်သို့ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ရွှေတောင်၊ ပန်းတောင်းဘက်မှ အများဆုံးဝင်ရောက်လျက်ရှိပြီး ပြည်မြို့နယ်အတွင်းသာမက ရန်ကုန်မြို့သို့ပါ တင်ပို့ရောင်းချလျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် ဖလံတောင်ဝှေးတစ်စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)