ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲစင်းငုံဈေးစံချိန်တင်မြင့်တက်လာခဲ့

Powered by Drupal

     ပြည်ပဲဈေးကွက်တွင် ပြည်ပဝယ်လိုအား ပဲသီးနှံများ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ မတ်ပဲ၊ ပဲတီ စိမ်း၊ ကုလားပဲနည်းတူ ပဲစင်းငုံသီးနှံကလည်း ပဲဈေးသိသိသာသာ မြင့်တက်ခဲ့သဖြင့် ပဲတစ်တင်းလျှင် တစ်သိန်းကျပ်ကျော်ထိ ပဲဈေးကွက်မှာ စံချိန်တင်မြင့်တက်ခဲ့ပါကြောင်း၊ ပဲစင်းငုံသီးနှံမှာ ပဲဝင်ရောက်မှု မရှိသော်လည်း လှောင်ပဲလက်ကျန်များရှိနေ၍ ဝယ်ယူမှုရှိသလောက် ရောင်းချနိုင်ခဲ့ပါကြောင်း၊ ရန်ကုန်ဝယ်လက် အဓိကဝယ်ယူနေ၍ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ကာ အိတ် ၂၀၀/၃၀၀ကျော် ရောင်းဝယ်မှုဖြစ်ခဲ့ကြောင်း၊ ပဲစင်းငုံသီးနှံမှာ ယခင်နှစ်က ဇွန်လအတွင်း တစ်တင်း (၄၈၀၀၀)ကျပ်သာ ရရှိခဲ့ပြီး မတ်ပဲသီးနှံထက် ဈေးလျော့နေခဲ့သော်လည်း ယခုနှစ်မှာတော့ မတ်ပဲသီးနှံဈေးထက် ကျော်လွန်ကာ လက်ကားရောင်းဝယ်နေကြသည့် ပဲသီးနှံများအနက် ဈေးအမြင့်ဆုံးဖြင့် လှောင်ပဲသမားများအတွက် အကျိုးအမြတ် ပိုမိုရရှိခဲ့ကြောင်း သိရပါသည်။  

DOCA(ပဲခူး)