ဈေးမြင့်လာတဲ့ ပြည်ချင်းဈေးကွက်

Powered by Drupal

   ချင်းကို လူများကဟင်းခတ်အမွှေးအကြိုက်အဖြစ် အသုံးပြုကြသလို ဓါးလှီးချင်းကို ချင်းသုပ် သုပ်၍စားကြပါသည်။  အသားဟင်းများချက်ရာတွင် ချင်းသည် မပါမဖြစ် အသုံးဝင်သော မီးဖိုချောင်သုံး သီးနှံတစ်မျိုးဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် ချင်းထွက်ရှိမှုမရှိဘဲ ချင်းထွက်ရှိရာ ဒေသဖြစ်သော အောင်ပန်းမှ မှာယူ၍ရောင်းချကြောင်း သိရပါသည်။ ယခုအချိန်တွင် ချင်းထွက်ရှိရာ ဒေသဖြစ်သော အောင်ပန်းမြို့တွင် ချင်းထွက်ရှိမှုနည်းပြီး အိန္ဒိယမှ ဝယ်ယူမှုရှိ၍ ချင်းစိုက် တောင်သူများအနေဖြင့် ဈေးတက်၍ရောင်းချကြောင်း သိရပါသည်။ အိန္ဒိယဘက်သို့ တင်ပို့မှုရှိသဖြင့် ပြည်ဈေးကွက်သို့ တင်ပို့မှုနည်းလာကြောင်း၊ မေလတတိယပတ်မှစ၍ ချင်းဈေးများ တက်လာခဲ့ပါကြောင်း၊ ပြည်ချင်းပွဲရုံများမှာ လှောင်ချင်းများနှင့် အနည်းငယ်ဝင်ရောက်မှုရှိသော ချင်းများဖြင့်သာ ရောင်းဝယ်မှုရှိ၍ ချင်းဈေးများအဆမတန်မြင့်တက်လာခဲ့ပါကြောင်း၊ ယခုအပတ်ချင်းဈေးများမှာ ပွဲရုံဈေး ဥမ (ရှယ်) တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ (ဂျွန်)တစ်ပိဿာလျှင် (၁၀၀၀၀-၁၂၀၀၀) ကျပ်ရှိပြီး လက်လီဈေးမှာ ချင်းဥမ(ရှယ်) တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ (ဂျွန်)တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဈေးဖြင့် ရောင်းချကြောင်းနှင့် ပြည်ဈေးကွက်သို့ ယခုအပတ်တွင် ပိဿာချိန် (၅၀)ခန့် အရောင်းအဝယ်ဖြစ်ပြီး ယခင်ကာလများထက် အရောင်းအဝယ်ပိုဖြစ်လျက်ရှိကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)