မိုးပဲတီစိမ်းသစ်များ အဝင်စော၍ ဈေးကွက်၌ ဝင်သမျှအရောင်းအဝယ်ဖြစ်

Powered by Drupal

   ပြည်ပဲဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ဇွန်လဆန်းပိုင်းမှစ၍ ပဲတီစိမ်းသစ်များ စတင်ဝင်ရောက်လာပြီ ဖြစ်ပါသည်။ ယခင်နှစ်နှင့်ယှဉ်လျှင် ယခုနှစ်တွင် ပြည်အနီးတစ်ဝိုက် ပေါင်းတလည်၊ ပေါက်ခေါင်းနှင့် မင်းတုန်း၊ ကံမမြို့နယ်များမှ ဝင်ရောက်မှုစောလာခဲ့ခြင်းဖြစ်ပါသည်။ ပဲစပေါ်သောအချိန်ဖြစ်သည့်အတွက် တစ်ရက်အိတ် (၂၀၀/၃၀၀ မှ ၄၀၀)ကျော် ဝင်ရောက်ခဲ့ပြီး ပဲဝယ်လိုအားအနေဖြင့် မန္တလေးဝယ်လက် အဓိကထားဝယ်ယူနေကြောင်း၊ ဝင်လာသမျှ ပဲသစ်များ အရောင်းအဝယ် ဖြစ်ခဲ့ကြပါကြောင်း၊ ပဲတီစိမ်းသီးနှံမှာ မတ်ပဲ၊ ပဲစင်းငုံသီးနှံများကဲ့သို့ တစ်နှစ်တာလုံး ပဲဈေးကွက်မှာ ရောင်းဝယ်နေကြသည့် ပဲမဟုတ်ဘဲ ပဲထွက်ပေါ်ချိန်တွင်သာ ရောင်းဝယ်မှု အဖြစ်များခဲ့သော ပဲသီးနှံဖြစ်ပါကြောင်း၊ ပြည်ခရိုင်အတွင်း ပဲတီစိမ်းသီးနှံအား မိုးရောဆောင်း သီးနှံအဖြစ်ပါ စိုက်ပျိုးမှုရှိကြကာ ယခုဈေးကွက်သို့ ဝင်ရောက်လာသော ပဲသစ်များသည် မိုးပဲတီစိမ်းဖြစ်ပြီး ပဲသစ်ဈေးမှာ ပိဿာ (၂၀)တစ်တင်းလျှင် (၆၀၀၀၀)ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့ကြကြောင်း သိရပါသည်။

DOCA(ပဲခူး)