ဖြူးမြို့ ခြံဝင်းကျယ်တွင် တစ်ပိုင်တစ်နိုင်သံပုရာသီး စိုက်ပျိုးသူတို့ အပိုဝင်ငွေရလျက်ရှိပါသည်။ သံပုရာပင်သည် နှစ်နှစ်သားခန့်တွင် အသီးစတင်သီးပါသည်။ အသီးအားကောင်းစေရန် အတွက် ၁၅:၁၅ ပတ်လည် အပင်အားဆေးကျွေးပြီး ရေလောင်းပေးရပါသည်။ သက်တမ်းရင့် သံပုရာ ပင်တစ်ပင်သည် တစ်နှစ်လျှင် အသီး အလုံး ၁၀၀၀ ခန့်သီးပါသည်။
သံပုရာသီးသည် ဆေးဖက်ဝင်သည့်အပြင် နွေရာသီပူပြင်းသည့်ကာလတွင် သံပုရာရည် အေးအေးအတွက် ရောင်းအားကောင်းပါသည်။ နွေရာသီတွင် သံပုရာသီး တစ်လုံးလျှင် ၁၅၀ ကျပ်မှ ၂၀၀ ကျပ်အထိ ရောင်းချရပါသည်။
မိုးရာသီတွင် သံပုရာခြံများမှ သံပုရာသီးများ ဖြိုင်ဖြိုင်ထွက်လာသည့်အပြင် နွေရာသီ ကဲ့သို့ သံပုရာရည်ရောင်းအားမကောင်း၍ ယခုကာလတွင် သံပုရာသီးမှာ တစ်လုံးလျှင် ၇၀ ကျပ်ဖြင့် ဖြူးမြို့ စည်ပင်သာယာဈေးရှိ သံပုရာသီးအရောင်းဆိုင်များသို့ ရောင်းချရပါသည်။
ယခုနှစ် မိုးတွင်းကာလတွင် လေပြင်းတိုက်ခတ်မှုများသောကြောင့် သံပုရာအပွင့်များ အကြွေများ၍ ထင်သလောက်အသီးမတင်ကြောင်း ဖြူးမြို့ ဥတုဘန်းလောင်ရပ်ရှိ သံပုရာစိုက်ပျိုးသူတစ်ဦးထံမှ သိရပါသည်။
DOCA(ပဲခူး)