တောင်ငူမြို့တွင် ကုလားအော်သီးဈေးအနည်းငယ်တက်ပြီး အခြားဟင်းသီးဟင်းရွက်များ ဈေးနှုန်းကျဆင်း

Powered by Drupal

     တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင် သီး)မှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး  ကုလားအော်သီးမှာ ယခင်အပတ် က တစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ် ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။ ယခုအခါတွင် ငရုတ်သီးစိမ်း(ကျောက်စိမ်းသီး)များ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိဖြင့် ဝင်ရောက်လာပါသည်။

      ခရမ်းသီး (အဖြူ)မှာ ယခင်အပတ်က  တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်၊ ခရမ်းသီး(အညို)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိရှိပြီး ယခုအပတ်တွင် တစ်ပိဿာ လျှင်  ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

       ဒေသသခွားသီးမှာ တစ်ပိဿာလျှင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်၊ ရှမ်းပြည်သခွားသီးမှာ တစ်ပိဿာလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊ ခရမ်းချဉ်သီးမှာ တစ်ပိဿာလျှင် ၁၁၀၀ ကျပ်မှ ၁၃၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဂေါ်ဘီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၉၀၀ ကျပ်မှ ၁၀၀၀ ကျပ်ရှိရာမှာ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၀၀ ကျပ်မှ ၈၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

     ပြောင်းဖူး အကြီး တစ်ဖူးလျှင် ၂၅၀ ကျပ်မှ ၃၀၀ ကျပ်အထိ၊ ပြောင်းဖူးအသေး တစ်ဖူးလျှင် ၁၅၀ ကျပ်မှ ၂၀၀ ကျပ်အထိဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး နံနံပင်မှာ ယခင်အပတ်က တစ်ဆယ်ကျပ်သားလျှင် ၇၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ဆယ် ကျပ်သားလျှင် ၆၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

     မုံလာဥနီမှာ တစ်ပိဿာလျှင် ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိ၊ မုံလာဥဖြူမှာလည်း တစ်ပိဿာလျှင် ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိနှင့် မုန်ညင်းဖြူမှာ တစ်ပိဿာ လျှင် ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ကန်စွန်းရွက်မှာ တစ်စည်း ၅၀ ကျပ်၊ ၁၀ စည်းယူလျှင် ၇၀၀ ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၆၀၀ ကျပ်၊ ကင်မွန်းချဉ်ရွက်မှာ တစ်စီးလျှင် ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၈၀၀ ကျပ်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)