တောင်ငူမြို့တွင် စားအုန်းဆီနှင့် အာလူးဈေးအနည်းငယ်တက်

Powered by Drupal

      တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ  တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ  ယခင်အပတ်က တစ်ပိဿာလျှင် ၆၅၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၈၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။

    ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေးမှာ ၂၄၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး ယခင်အပတ်က ကြက်သွန်နီ အလတ် ၂၆၀၀ ကျပ်၊ အကြီး ၂၈၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၂၈၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် အလတ် ၂၅၀၀ ကျပ်၊ အကြီး ၂၇၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၂၇၀၀ ဖြင့်  ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

    ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၆၀၀၀ ကျပ်၊ အလတ် ၆၅၀၀ ကျပ်၊ အကြီး ၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး တရုတ်ကြက်သွန်ဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် တက်ပါ သည်။

   အာလူးမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၂၆၀၀ ကျပ်၊ အလတ် ၂၈၀၀ ကျပ်၊ အကြီး ၃၀၀၀ ကျပ်၊ တရုတ်အာလူး ၃၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၉၀၀ ကျပ်၊ အလတ် ၃၂၀၀ ကျပ်၊ အကြီး ၃၄၀၀ ကျပ်၊ တရုတ်အာလူး ၃၄၀၀ ကျပ် ဖြင့် ဈေးနှုန်း ဆက်လက်မြင့်တက်ပါသည်။

  ငရုတ်သီးခြောက် အပုမှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ၊ ငရုတ်သီး ခြောက် အရှည်မှာ တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိနှင့် ငရုတ်သီးခြောက် အပွမှာ တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည် ငြိမ်နေပါသည်။

    မြေပဲဆံ(အဖြူ)မှာ တစ်ပိဿာလျှင် ၈၃၀၀ ကျပ်၊ မြေပဲဆံ(အနီ)မှာ တစ်ပိဿာလျှင် ၇၆၀၀ ကျပ်နှင့် ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)