တောင်ငူမြို့ သစ်သီးဈေးကွက်

Powered by Drupal

        တောင်ငူမြို့ ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များတွင် ပန်းသီးမှာ အကြီးနှင့် အသေးနှစ်မျိုး ရှိရာ နှစ်မျိုးလုံးတွင် အလုံးအကြီးအသေးပေါ်မူတည်၍ ပန်းသီးအကြီးမှာ တစ်လုံးလျှင် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ၊ ပန်းသီးအသေးမှာ တစ်လုံးလျှင် ၈၀၀ ကျပ်မှ ၁၂၀၀ အထိ၊ ပန်းသစ်တော်သီးမှာ တစ်လုံးလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါ သည်။

      သခွားမွှေးသီးမှာ ယခင်လဝက်ခန့်က တစ်လုံးလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိရှိ ရာမှ ယခုအပတ်တွင် တစ်လုံးလျှင် ၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းပါသည်။ ဆန်းကစ်သီးမှာ တစ်လုံးလျှင် ၂၀၀၀ ကျပ်၊ နဂါးမောက် (ယိုးဒယား)သီးမှာ တစ်လုံးလျှင် ၂၀၀၀ ကျပ်၊ နဂါးမောက် (မြန်မာ)သီးမှာ တစ်လုံးလျှင် ၁၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ဝင်ရောက်လာပါသည်။

     လိမ္မော်သီးမှာ ယခင်လဝက်က တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိရှိပြီး ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိဖြင့်  ဈေးနှုန်းအနည်းငယ် တက်ပါသည်။ စပျစ်သီး(မြန်မာသီး)မှာ ၂၅ ကျပ်သား ၂၀၀၀ ကျပ်၊ စပျစ်သီး (ယိုးဒယားသီး)မှာ ၂၅ ကျပ်သား ၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ရှမ်းပြည်မှဝင်ရောက်လာသော နာနတ်သီးများမှာ တစ်လုံးလျှင် ၁၅၀၀ ကျပ်၊ မန္တလေးတိုင်းမှ ဝင်ရောက်လာသော နာနတ်သီးများမှာ တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ် အထိရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)