မင်းဘူးမြို့မဈေးအတွင်းရှိ စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

      ၂၀၂၃ခုနှစ်၊ ဇွန်လ တတိယပတ်တွင် မင်းဘူးမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်ဖြစ်သည့် ကြက်သွန်နီ ဈေးနှုန်းများမှာ (၁)ပိဿာလျှင် ကျပ်(၂၅၄၀)ဖြစ်ပြီး ရေနံချောင်း မြို့နယ်၊ ပင်းချောင်းတစ်လျှောက်ရှိ ကျေးရွာများနှင့် ပွင့်ဖြူ(မဲဇလီ)၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များမှ ထွက်ရှိသော ကြက်သွန်နီများကို ဝယ်ယူရောင်းချကြောင်းနှင့် စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူ (ကြူကုတ်) (၁)ပိဿာလျှင် ကျပ်(၇၅၀၀)၊ ကြက်သွန်ဖြူ (ဗမာ) (၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၂၆၀၀)၊ ငရုတ် ခြောက်ရှည် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ မန်ကျည်းသီမှည့်    (၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ဆားကြမ်း (၁)ပိဿာလျှင် ကျပ်(၄၀၀)၊ ကြက်ဥ (၁)လုံးလျှင် ကျပ်(၂၅၀)၊ နနွင်းတက် (၁)ပိဿာလျှင် ကျပ်(၅၀၀၀)၊ သကြား (၁)ပိဿာလျှင် ကျပ်(၃၄၀၀)ဖြစ်၍ ဈေးအနည်းငယ်ငြိမ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

    စားသုံးဆီဈေးနှုန်းမှာ နှမ်းဆီ (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ပဲဆီ  (၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၇၀၀၀)ဖြစ်၍ ဆီဈေးအနည်းငယ်ငြိမ်နေကြောင်းနှင့် ဧရာပဒေသာဆန်(၁)အိတ်လျှင် ကျပ်(၉၀၀၀၀-၁၀၀၀၀၀)၊ မနောသုခဆန် (၁)အိတ်လျှင် ကျပ် (၇၀၀၀၀-၇၅၀၀၀)ဖြစ်ကြောင်း မြို့မဈေးရှိ ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)