တောင်ငူမြို့၊ ညောင်ပင်လေးဈေးသို့ ဝင်ရောက်လာသော မော်လမြိုင်မြို့မှ ဒညင်းသီးများမှာ ပြုတ်ပြီး ဆီစိမ်၍ စားလျှင်ဖြစ်စေ၊ ချက်စားလျှင်ဖြစ်စေ အလွန်စေးသောဒညင်းသီးဖြစ်ပါသည်။ သံတောင်ဒညင်းသီးမှာ အဝင်နည်းနေပါသေးသည်။
မော်လမြိုင်ဒညင်းသီး အသေး (၁) ပြည်လျှင် ၂၅၀၀ကျပ်၊ အလုံးရေ၁၀၀ယူလျှင် ၂၀၀၀ကျပ်၊ ၁၀လုံးယူလျှင် ၃၀၀၀ကျပ်၊ အလတ် (၁) ပြည်လျှင် ၄၀၀၀ကျပ်၊ အလုံးရေ၁၀၀ယူလျှင် ၃၀၀၀ကျပ်၊ ၁၀လုံးယူလျှင် ၅၀၀ကျပ်၊ အကြီး (၁) ပြည်လျှင် ၅၅၀၀ကျပ်၊ အလုံးရေ၁၀၀ယူလျှင် ၄၅၀၀ကျပ်၊ ၁၀လုံးယူလျှင် ၇၀၀ကျပ်၊ ဒညင်းဝက် (၁၀) လုံးယူလျှင် ၆၀၀ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။
မော်လမြိုင်ဒညင်းသီးမှာ သံတောင်ဒညင်းသီးထက် လူကြိုက်ပိုများကာ အရောင်းအဝယ်သွက်နေကြောင်း သိရပါသည်။
DOCA(ပဲခူး)