အုတ်တွင်းမြို့နယ်ရှိ ရခိုင်ငှက်ပျောသီးဈေးကွက်

Powered by Drupal

    တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ငှက်ပျောသီးဈေးကွက်တွင် ယခု၂၀၂၃ခုနှစ်၊ ဇွန်လ၊ နောက်ဆုံးအပတ်တွင် ရခိုင်ငှက်ပျောသီးများမှာ ဈေးကောင်းရနေပါသည်။ ရခိုင်ငှက်ပျောသီးမှာ ဘာသာရေးပွဲများဖြစ်သည့် ဘုရားပွဲ၊ နတ်ပွဲများတွင် အသုံးပြုသဖြင့် အလှူမင်္ဂလာပွဲရာသီချိန်များနှင့် နတ်ပွဲရာသီချိန်များတွင် ရောင်းအားကောင်းပါသည်။

   အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ အနောက်ဘက် ပဲခူးရိုးမတောင်ပေါ်ရှိ တောင်ယာစိုက်ခင်းများမှထွက်ရှိသော ရခိုင်ငှက်ပျောသီးများကို ဆိုင်ကယ်ကယ်ရီများဖြင့်သယ်ယူ၍ အုတ်တွင်းမြို့နယ်ရှိ အုတ်တွင်းမြို့မဈေး၊ ကျွဲပွဲဈေးနှင့် ညောင်ခြေထောက်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။

  ယခုအချိန်တွင် မြန်မာ့ရိုးရာဓလေ့ထုံးစံအရ ဝါတွင်းကာလမရောက်မီ နတ်ပွဲများတင်ပြီး ပူဇော်ပသသည့်အချိန်ဖြစ်သဖြင့် ရခိုင်ငှက်ပျောသီးများရောင်းအားကောင်းလျက်ရှိရာ အဖီးအကြီးတစ်ဖီးလျှင် ၁၀၀၀ကျပ်၊ အဖီးအလတ်တစ်ဖီးလျှင် ၈၀၀ကျပ်နှင့် အဖီးအသေးတစ်ဖီးလျှင် ၆၀၀ကျပ်တို့ဖြင့်ရောင်းချနေကြကြောင်း သိရပါသည်။

DOCA(ပဲခူး)