တောင်ငူမြို့၌ အခြေခံလူတန်းစားများအား ဆန်၊ ကြက်ဥနှင့် သားငါးများကို သက်သောသောဈေးနှုန်းဖြင့် ရောင်းချပေး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တောင်ငူမြို့ပေါ်ရှိ လုပ်ငန်းရှင်များပူးပေါင်း၍ အခြေခံလူတန်းစားများနေထိုင်ရာရပ်ကွက်များတွင် ဆန်၊ ကြက်ဥနှင့် အမဲသား၊ ဝက်သား၊ ငါးများကို ရောင်းချပေးခဲ့ပါသည်။

     ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့၊ ညနေပိုင်းတွင် တောင်ငူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ထီးလှိုင်ဈေး၌ တောင်ငူမြို့နယ်၊ ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များက ဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်နှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်များက ကြက်ဥ(၁၀)လုံးလျှင် (၂၃၅၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ရာ အခြေခံလူတန်းစားများလာရောက်ဝယ်ယူအားပေးကြပါသည်။

   ဇွန်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် အမှတ်(၂)ရပ်ကွက်ရှိ တောင်ပို့ကြီးကပ်ကျော် ဆုတောင်းပြည့်စေတီတော်၏ ပရဝုဏ်အတွင်း၌ ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များက ဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်၊ ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်များက ကြက်ဥ(၁၀)လုံးလျှင် (၂၃၅၀) ကျပ်၊ ငါးမွေးမြူရေးလုပ်ငန်းရှင်များက ငါးတစ်ပိဿာလျှင် (၅၇၅၀) ကျပ်၊ ဝက်သားဒိုင်များမှ ဝက်သားတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ အမဲသားဒိုင်များမှ အမဲသား အသားသီးသန့်တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ အမဲကလီစာတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ အရိုးအသားအရောတစ်ပိဿာလျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် အသီးသီးရောင်းချပေးခဲ့ပါသည်။

    သက်သာသောနှုန်းထားဖြင့် ဆန်၊ ကြက်ဥနှင့် အသားငါးများရောင်းချရာနေရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက သွားရောက်ကြီးကြပ်၍ ကူညီဆောင်ရွက်ပေးကြောင်းနှင့် အခြေခံလူတန်းစားများထံ သက်သောသောနှုန်းထားဖြင့် ဆက်လက်ရောင်းချနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရပါသည်။

DOCA(ပဲခူး)